အားလုံးပဲ မင်္ဂလာပါ။ ထမင်းစားတဲ့အခါ ဟင်းလျာစပ်စပ်လေးတွေပါဝင် စားမြိန်တယ်ဆိုသူများအတွက် ဒီတစ်ခါမှာတော့ ကိုရီးယားစတိုင်လ် ကင်းမွန်အစပ်ကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

• ကင်းမွန် ၁၄ အောင်စခန့်
• မုန်လာဥနီ တစ်ခြမ်း
• ကြက်သွန်နီ တစ်ခြမ်း
• ကြက်သွန်မြိတ်နှစ်ပင်
• ဟင်းသီးဟင်းရွက်ဆီနှင့် နှမ်းဆီ စားပွဲတင်ဇွန်းတစ်ဇွန်းခန့်

ဆော့စ်ပြုလုပ်ရန်အတွက် လိုအပ်သောပါဝင်ပစ္စည်းများ

Source: Eatwell.co.nz

• ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း နှစ်ဇွန်း
• ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း တစ်ဇွန်း
• ပဲငံပြာရည် စားပွဲတင်ဇွန်းတစ်ဇွန်း
• သကြား စားပွဲတင်ဇွန်းတစ်ဇွန်း
• ပါးပါးလှီးထားသော ကြက်သွန်မြိတ် လက်ဖက်ရည်ဇွန်း တစ်ဇွန်း

• ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်းတစ်ဇွန်း
• နှမ်းစေ့ လက်ဖက်ရည်ဇွန်းတစ်ဇွန်း
• ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။ ဆော့စ်ပြုလုပ်ရန်အတွက် လိုအပ်သောပါဝင်ပစ္စည်းများအားလုံးကို ပန်းကန်လုံးတစ်လုံးထဲမှာ ရောမွှေထားလိုက်ပါ။

၂။ ကင်းမွန်ကိုရေဆေးပြီးနောက် ပါးပါးလှီးထားလိုက်ပါ။

၃။ ထို့နောက် စောစောကနယ်ထားသော ဆော့စ်များနှင့် ကင်းမွန်ကို သမအောင် နယ်ပေးလိုက်ပါ။

၄။ ကြက်သွန်မြိတ်၊ ကြက်သွန်နီနှင့် မုန်လာဥနီတို့ကို ၂ လက်မအရှည်ခန့် လှီးဖြတ်ထားလိုက်ပါ။

၅။ ဒယ်အိုးကို အပူပေးပြီး ဟင်းသီးဟင်းရွက်ဆီထည့်လိုက်ပါ။ ဆီပူလာပါက မုန်လာဥနီ၊ ကြက်သွန်နီနှင့် ကြက်သွန်မြိတ်တို့ထည့်ပြီး နှစ်မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၆။ ထို့နောက် ဆော့စ်များဖြင့် နယ်ထားသော ကင်းမွန်ကို အိုးထဲထည့်ကြော်လိုက်ပါ။ နှစ်မိနစ်ခန့် သမအောင်ကြော်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ကင်းမွန်အစပ်ကြော်လေးကို ထမင်းနဲ့အတူတူ အရသာရှိရှိတွဲဖက်စားသုံးနိုင်ပါပြီ။

ဒီဟင်းလျာကြော်တဲ့အခါ သတိထားရမယ့်အရာတစ်ခုကတော့ ကင်းမွန်ကို ကြော်တဲ့အခါ အကျက်မလွန်စေဖို့သတိထားပေးရပါလိမ့်မယ်။

Source: Koreanbapsang.com