ကိုရီးယားအစားအစာ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ကိုရီးယားရိုးရာအစားအစာတစ်မျိုးဖြစ်တဲ့ ပဲကြာဇံကြော် ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား သုံးထပ်သား (သို့) အမဲသား (သို့) ကြက်သား ၈ အောင်စ (၂ လက်မခွဲအရှည် အချောင်းလိုက် လှီးဖြတ်ထားပါ)
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်ဥ ၂ လုံး၊ ဆား အနည်းငယ်နှင့် ဟင်းသီးဟင်းရွက်ဆီ
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၄ ဇွန်း၊ သကြား စားပွဲတင်ဇွန်း ၃ ဇွန်း၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းနှင့် နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ ၅ မြွှာ
  • ပဲကြာဇံ ၈ အောင်စ (ရေအေးထဲတွင် မိနစ် ၄၀ ခန့် စိမ်ထားပါ)

  • ကြွက်နားရွက်မှို ၈ ပွင့် (ရေဆေးပြီးနောက် ရေအေးထဲတွင် မိနစ် ၃၀ ခန့် စိမ်ထားပါ)
  • ရှီတာကီမှို ၈ အောင်စ (ရှည်မျောမျော လှီးဖြတ်ထားပါ)
  • ကြက်သွန်ဖြူ ၁ ဥ (ပါးပါးလှီးပါ)
  • မုန်လာဥနီ ၁ လုံး (အခွံခွာပြီး ၂ လက်မအရှည် ပါးပါးလှီးပါ)နှင့် ဟင်းနုနွယ် ၈ အောင်စ (ရေဆေးပြီး အရွက်နှင့် ရိုးတံများ ခြွေထားပါ)
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း၊ နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် နှမ်းစေ့ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံး ၁ လုံးထဲတွင် ဝက်သား (သို့) ကြက်သား (သို့) အမဲသားကို ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ထည့်ကာ သမအောင် နယ်ပါ။ ထို့နောက် အဖုံးအုပ်ထားပြီး ၅ မိနစ်ခန့် နှပ်ထားပါ။

၂။ ၅ မိနစ်ပြည့်ပါက ဒယ်အိုးကို အပူပေးပြီးနောက် ဝက်သားထည့်ကာ ၄ မိနစ်၊ ၅ မိနစ်ခန့် ကြော်ပါ။ ထို့နောက် ပန်းကန်ပြားထဲ ပြောင်းထည့်ထားပါ။

၃။ ကြက်ဥ ၂ လုံးကို ဆားအနည်းငယ်ဖြင့် မွှေခလောက်ထားပါ။

ဒယ်အိုးထဲသို့ ဟင်းသီးဟင်းရွက်ဆီထည့်ပြီး ကြက်ဥ ထည့်ကြော်ပေးလိုက်ပါ။

ရရှိလာတဲ့ ကြက်ဥကြော်ကို အချောင်းလိုက် ပါးပါးလှီးပါ။

၄။ ပန်းကန်လုံးတစ်လုံးထဲတွင် ပဲငံပြာရည်၊ သကြား၊ ငရုတ်ကောင်းမှုန့်နှင့် ကြက်သွန်ဖြူတို့ထည့်ကာ သမအောင် ရောမွှေပါ။

၅။ ဒယ်အိုးထဲတွင် ကြွက်နားရွက်မှို၊ ရှီတာကီမှို၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်၊ ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်းနှင့် ရေ စားပွဲတင်ဇွန်း ၄ ဇွန်းထည့်ကာ သမအောင် နယ်ပါ။

ထို့နောက် ဟင်းနုနွယ်ကို အပေါ်ကနေ အုပ်လိုက်ပါ။ ဟင်းနုနွယ်ပေါ်မှာ ပဲကြာဇံတင်ထားလိုက်ပါ။ ထို့နောက် စောစောကဖျော်ထားသော ပဲငံပြာရည်ဆော့စ်များ ဆမ်းထည့်လိုက်ပါ။

၆။ ထို့နောက် ထိုဒယ်အိုးကို မီးဖိုပေါ်တင်ကာ အဖုံးအုပ်ထားပြီး ၁၀ မိနစ်ခန့် တည်ပါ။

၇။ ထို့နောက် ဝက်သားကြော်၊ နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် နှမ်းစေ့ စားပွဲတင်ဇွန်း ၁ ဇွန်းတို့ထည့်ကာ သမအောင် မွှေကြော်လိုက်ပါ။ အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက် ပန်းကန်ပြားထဲထည့်ပါ။

ထို့နောက် အချောင်းလိုက် လှီးဖြတ်ထားသော ကြက်ဥကြော်များဖြင့် အလှဆင်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Maangchi.com