အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အလွယ်တကူလုပ်စားလို့ရမယ့် အရန်ဟင်းတစ်ခွက်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ကိုရီးယားစတိုင်လ် ပဲပင်ပေါက်သုပ်ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲပင်ပေါက် ၃၅၀ ဂရမ်
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ရေ ၆ ခွက် (တစ်လီတာခန့်)

အချဉ်ပြုလုပ်ရန်အတွက် လိုအပ်သည့်ပစ္စည်းများ

  • ပါးပါးလှီးဖြတ်ထားသော ကြက်သွန်မြိတ် လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်
  • နှမ်းစေ့ လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း တစ်ဇွန်း

(ထိုပါဝင်ပစ္စည်း ငါးမျိုးစလုံးကို ရောမွှေပြီး ပဲပင်ပေါက်သုပ်ရန်အတွက် အသင့်ပြင်ထားလိုက်ပါ)

ပြုလုပ်နည်းအဆင့်ဆင့်

၁။ ပဲပင်ပေါက်ကို ရေစင်စင်ဆေးပြီး မကောင်းတဲ့ပဲပင်ပေါက်တို့ကို လွှင့်ပစ်လိုက်ပါ။

၂။ အိုးတစ်လုံးထဲတွင် ရေထည့်ပြီးနောက် ဆားထည့်ကာ တည်ထားလိုက်ပါ။ ရေနွေးပွက်ပွက်ဆူပါက ပဲပင်ပေါက်ထည့်ကာ ၂ မိနစ်ခန့် တည်ထားပါ။

၃။ ထို့နောက် အိုးထဲမှဖယ်ထုတ်ပြီး ရေအေးအေးလေးနဲ့ ဆေးပေးလိုက်ပါ။

၄။ ပဲပင်ပေါက်ကို အရည်ညှစ်လိုက်ပြီး ဖလုံအကြီးထဲထည့်ကာ အသင့်ပြုလုပ်ထားသော အချဉ်ဖြင့် ရောနယ်ပေးလိုက်ပါ။

ထို့နောက် မိမိစားသုံးမယ့် ပမာဏကိုဖယ်လိုက်ပြီး ပန်းကန်သပ်သပ်ထဲထည့်ထားလိုက်ပါ။ ဒါဆိုရင်တော့ အရန်ဟင်းတစ်ခွက်ရသွားပြီပဲဖြစ်ပါတယ်။

Source: mykoreankitchen.com