အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အာလူးဟင်းကို ပဲငံပြာရည် သကြားဆော့စ်အရောအနှောဖြင့် အရသာရှိအောင် ဘယ်လိုချက်ပြုတ်နိုင်မလဲ ဆိုတာကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၃ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၁ မြွှာ (ပါးပါးလှီးထားပါ)

  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • အာလူး ၁၀ အောင်စ (အခွံခွာ ရေဆေးပြီး ထက်ခြမ်း ခြမ်းထားပါ)
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် နှမ်းစေ့ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ပဲငံပြာရည်၊ ရေ၊ သကြား၊ ငါးငံပြာရည်နှင့် ကြက်သွန်ဖြူတို့ ရောထည့်ကာ သကြားများ ပျော်ဝင်သွားသည်အထိ မွှေပေးလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီအနည်းငယ်ထည့်ကာ ဆီပူလာပါက အာလူးများ ထည့်လိုက်ပါ။

အာလူးများ ရွှေညိုရောင် ပြောင်းသွားသည်အထိ ၅ မိနစ်၊ ၆ မိနစ်ခန့် ကြော်ပေးရပါမယ်။

၃။ အာလူးများ ရွှေညိုရောင် ပြောင်းသွားပြီဆိုရင်တော့ မီးအပူရှိန်ကို လျော့ချလိုက်ပါ။ ထို့နောက် အဆင့် (၁) က ပြုလုပ်ထားသော ဆော့စ်များ လောင်းထည့်ကာ အာလူးများနှင့် သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် အဖုံးအုပ်ထားပြီး ၁၀ မိနစ်ခန့် တည်ထားလိုက်ပါ။

၄။ သတ်မှတ်ချိန်ပြည့်ပါက အိုးအဖုံးဖွင့်ပြီး အာလူးများကို ဆော့စ်အရည် ခမ်းသွားသည်အထိ မွှေပေးလိုက်ပါ။

၅။ ဆော့စ်အရည်များ ခမ်းသွားပြီဆိုရင်တော့ မီးဖိုပေါ်ကချကာ ပန်းကန်ပြားထဲ ပြောင်းထည့်လိုက်ပါ။ ထို့နောက် နှမ်းဆီနှင့် နှမ်းစေ့များ ဖြူးထည့်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Seriouseats.com