အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ သံပုရာသီးရဲ့အချဉ်ဓာတ်ကဲထားတဲ့ ပုစွန်အသားလုံးကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၂၃၀ ဂရမ် (ရေဆေးပြီး အခွံခွာထားပါ)
  • ကြက်ဥ အကာ ၁ လုံး
  • အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားအနည်းငယ်နှင့် ဂျင်းအနည်းငယ်
  • သံပုရာရည် (သို့) သံပုယိုရည် စားပွဲတင်ဇွန်း ၃ ဇွန်း

  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဆီ
  • မုန်လာဥနီ ၁ လုံးနှင့် ပန်းဂေါ်ဖီအစိမ်း ၁၀၀ ဂရမ်
  • ငရုန်ကောင်းမှုန့်အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အခွံခွာထားပြီးသား ပုစွန်များကို နုပ်နုပ်စဉ်းလို့လည်း ရသလို အစားအစာများ တုံးတစ်ရောနှောသည့်စက် (Food Processor) ထဲထည့်ပြီးလည်း မွှေထားနိုင်ပါတယ်။

၂။ ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်ဥအကာ၊ အုန်းဆီ၊ ဆားအနည်းငယ်၊ ပြောင်းမှုန့်၊ ငရုတ်ကောင်းမှုန့်တို့ကို သမအောင် မွှေခလောက်ထားလိုက်ပါ။ ဂျင်းပြား ၂ ပြားကို ပါးပါးလှီးပြီးနောက် စောစောက ပန်းကန်လုံးထဲသို့ အရည်ညှစ်ထည့်လိုက်ပါ။

၃။ ထို့နောက် ပုစွန်ကို ထိုပန်းကန်လုံးထဲထည့်ကာ သမအောင် နယ်ပေးလိုက်ပါ။

၅။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် သံပုယိုရည်၊ ရေ၊ သကြား၊ ပြောင်းမှုန့်နှင့် ဆားအနည်းငယ်တို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၆။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက စောစောကနယ်ထားသော ပုစွန်များကို လုံးထည့်ကာ ကြော်ပေးလိုက်ပါ။ ပုစွန်များ ရွှေညိုရောင် သမ်းသွားသည်အထိ ၃ မိနစ်၊ ၄ မိနစ်ခန့် ကြော်ပေးရပါမယ်။

ရရှိလာသော ပုစွန်ကြော်များကို ပန်းကန်ပြားထဲသို့ ပြောင်းထည့်ထားပါ။

၇။ မုန်လာဥနီကို ပါးပါးလှီးပါ။ ပန်းဂေါ်ဖီစိမ်းကို အနေတော် တုံးထားလိုက်ပါ။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ဟင်းရွက်များကို တစ်မိနစ်ခန့် ကြော်ပေးရပါမယ်။ ထို့နောက် ရေ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ကာ အိုးအဖုံး အုပ်ထားပြီးနောက် ၂ မိနစ်ခန့် ပေါင်းပေးလိုက်ပါ။

၈။ ဒယ်အိုးကို အပူပေးပြီးနောက် အဆင့် (၅) က ရောမွှေထားသော သံပုယိုရည်များ ထည့်ကာ အပူပေးပါ။ ထို့နောက် ပုစွန်နှင့် ဟင်းရွက်တို့ထည့်ကာ သမအောင် ရောကြော်ပေးလိုက်ပါ။

ဒါဆိုရင်တော့ သံပုရာရည်အရသာကဲထားတဲ့ ပုစွန်အသားလုံးကြော်လေး ရရှိသွားပါပြီ။

Source : Omnivorescookbook.com