(Unicode)
အားလပ်ရက်လေးမှာ မိသားစုတွေ တပျော်တပါးကြီး စားသုံးနိုင်မယ့် ဟင်းလျာတစ်မျိုးကို ဝေမျှပေးချင်ပါတယ်။ ဘာဟင်းလျာလေးလဲဆိုရင်တော့ မုန်ညှင်းရွက်တွေနဲ့ အလှဆင်ထားတဲ့ ဝက်သားလုံးကြော် ဟင်းလျာပဲဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဂျင်း ၈ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
- ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
- ကြက်ဥ ၁ လုံး
- ပေါင်မုန့်အကြေအစာများ စားပွဲတင်ဇွန်း ၃ ဇွန်းစာ
- ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း
- နုပ်နုပ်စဉ်းထားသော ဝက်သား ၁ ပေါင် (၄၅၀ ဂရမ်)
- ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
- ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်၊ မဆလာ လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံနှင့် ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
- ရေ ၆၀ မီလီလီတာ
- ကြော်ရန် ဟင်းသီးဟင်းရွက်ဆီ
ဆော့စ်ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ
- ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
- ဂျင်း ၂ ပြား၊ ပါးပါးလှီးထားသော ကြက်သွန်မြိတ် ၂ ပင်နှင့် အသေးစား မုန်ညှင်းရွက် အနည်းငယ်
- သကြား ၁၀ ဂရမ်၊ ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ၊ ပဲငံပြာရည်အနောက် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံနှင့် ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
- ရေ ၃၇၅ မီလီလီတာ
ပြုလုပ်နည်း အဆင့်ဆင့်
၁။ နုပ်နုပ်စဉ်းထားသော ဝက်သားကို ပန်းကန်လုံးအကြီးတစ်လုံးထဲသို့ ထည့်ကာ ဂျင်း၊ ကြက်သွန်မြိတ်၊ ကြက်ဥ၊ ဟင်းချက်ဝိုင်၊ ပဲငံပြာရည်အကြည်၊ ခရုဆီ၊ ငရုတ်ကောင်းမှုန့်၊ မဆလာ၊ ပြောင်းမှုန့်နှင့် ရေတို့ထည့်ကာ သမအောင် ရောနယ်ပေးလိုက်ပါ။
၂။ (၁၀) မိနစ်ခန့် သေချာနယ်ဖတ်ပြီးတဲ့အခါမှာတော့ အဝိုင်းပုံသဏ္ဍာန် လုံးပေးလိုက်ပါ။
၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ဝက်သားလုံးများကို ၂ မိနစ်ခန့် ထည့်ကြော်ပေးလိုက်ပါ။ ဝက်သားများ ကျက်သွားပါက ပန်းကန်ပြားထဲသို့ ဆယ်ထည့်ထားပါ။
၄။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ဂျင်းနှင့် ကြက်သွန်မြိတ်တို့ထည့်ပြီး ၁ မိနစ်ခန့် ဆီသတ်ပါ။ ထို့နောက် သကြား ၁၀ ဂရမ်ထည့်ကာ သကြားများ ပျော်ဝင်သွားသည်အထိ မွှေပေးလိုက်ပါ။
၅။ ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ၊ ပဲငံပြာရည်အနောက် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ၊ ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ရေ ၃၇၅ မီလီလီတာတို့ကို အိုးထဲထည့်ကာ ပွက်ပွက်ဆူလာသည်အထိ မွှေပေးလိုက်ပါ။
၆။ ပွက်ပွက်ဆူလာပါက ဝက်သားလုံးကြော်များထည့်ကာ မီးအေးအေးဖြင့် ၁၅ မိနစ်ခန့် တည်ပေးလိုက်ပါ။ (၆ မိနစ်၊ ၇ မိနစ်ခန့်အကြာတွင် ဝက်သားလုံးကို တစ်ဖက်သို့လှန်ပေးဖို့ မမေ့ပါနဲ့။)
၇။ အရည်များ ပွက်ပွက်ဆူလာပါက မီးပိတ်လိုက်လို့ရပါပြီ။
၈။ ပန်းကန်လုံးတစ်လုံးထဲတွင် ပြုတ်ထားသော မုန်ညှင်းရွက်များကို အစီအရီစီထားလိုက်ပါ။ ထိုမုန်ညှင်းရွက်ပေါ်တွင် ဝက်သားလုံးကြော်များကို အစီအရီတင်ထားလိုက်ပါ။
ဒါဆိုရင်တော့ အမြင်လည်းလှ၊ အရသာလည်း ကောင်းတဲ့ ဝက်သားလုံးကြော်လေး ရရှိသွားပါပြီ။
Source: Thewoksoflife.com
(Zawgyi)
အားလပ္ရက္ေလးမွာ မိသားစုေတြ တေပ်ာ္တပါးႀကီး စားသံုးႏိုင္မယ့္ ဟင္းလ်ာတစ္မ်ိဳးကို ေဝမွ်ေပးခ်င္ပါတယ္။ ဘာဟင္းလ်ာေလးလဲဆိုရင္ေတာ့ မုန္ညွင္းရြက္ေတြနဲ႔ အလွဆင္ထားတဲ့ ဝက္သားလံုးေၾကာ္ ဟင္းလ်ာပဲျဖစ္ပါတယ္။
ပါဝင္ပစၥည္းမ်ား
- ဂ်င္း ၈ ဂရမ္ (ႏုပ္ႏုပ္စဥ္းထားပါ)
- ၾကက္သြန္ၿမိတ္ ၁ ပင္ (ပါးပါးလွီးထားပါ)
- ၾကက္ဥ ၁ လံုး
- ေပါင္မုန္႔အေၾကအစာမ်ား စားပြဲတင္ဇြန္း ၃ ဇြန္းစာ
- ဟင္းခ်က္ဝိုင္ စားပြဲတင္ဇြန္း ၁ ဇြန္း
- ႏုပ္ႏုပ္စဥ္းထားေသာ ဝက္သား ၁ ေပါင္ (၄၅၀ ဂရမ္)
- ပဲငံျပာရည္အၾကည္ စားပြဲတင္ဇြန္း ၁ ဇြန္းႏွင့္ ခရုဆီ စားပြဲတင္ဇြန္း ၁ ဇြန္း
- ငရုတ္ေကာင္းမႈန္႔ လက္ဖက္ရည္ဇြန္း တစ္ဝက္၊ မဆလာ လက္ဖက္ရည္ဇြန္း ၄ ပံု ၁ ပံုႏွင့္ ေျပာင္းမႈန္႔ လက္ဖက္ရည္ဇြန္း ၁ ဇြန္းခြဲ
- ေရ ၆၀ မီလီလီတာ
- ေၾကာ္ရန္ ဟင္းသီးဟင္းရြက္ဆီ
ေဆာ့စ္ျပဳလုပ္ရန္ လိုအပ္ေသာ ပါဝင္ပစၥည္းမ်ား
- ဟင္းသီးဟင္းရြက္ဆီ စားပြဲတင္ဇြန္း ၁ ဇြန္း
- ဂ်င္း ၂ ျပား၊ ပါးပါးလွီးထားေသာ ၾကက္သြန္ၿမိတ္ ၂ ပင္ႏွင့္ အေသးစား မုန္ညွင္းရြက္ အနည္းငယ္
- သၾကား ၁၀ ဂရမ္၊ ဟင္းခ်က္ဝိုင္ စားပြဲတင္ဇြန္း ၁ ဇြန္း၊ ပဲငံျပာရည္အၾကည္ စားပြဲတင္ဇြန္း တစ္ဇြန္းခြဲ၊ ပဲငံျပာရည္အေနာက္ လက္ဖက္ရည္ဇြန္း ၄ ပံု ၁ ပံုႏွင့္ ခရုဆီ စားပြဲတင္ဇြန္း ၁ ဇြန္း
- ေရ ၃၇၅ မီလီလီတာ
ျပဳလုပ္နည္း အဆင့္ဆင့္
၁။ ႏုပ္ႏုပ္စဥ္းထားေသာ ဝက္သားကို ပန္းကန္လံုးအႀကီးတစ္လံုးထဲသို႔ ထည့္ကာ ဂ်င္း၊ ၾကက္သြန္ၿမိတ္၊ ၾကက္ဥ၊ ဟင္းခ်က္ဝိုင္၊ ပဲငံျပာရည္အၾကည္၊ ခရုဆီ၊ ငရုတ္ေကာင္းမႈန္႔၊ မဆလာ၊ ေျပာင္းမႈန္႔ႏွင့္ ေရတို႔ထည့္ကာ သမေအာင္ ေရာနယ္ေပးလို္က္ပါ။
၂။ (၁၀) မိနစ္ခန္႔ ေသခ်ာနယ္ဖတ္ၿပီးတဲ့အခါမွာေတာ့ အဝိုင္းပံုသ႑ာန္ လံုးေပးလိုက္ပါ။
၃။ ဒယ္အိုးကို အပူေပးၿပီး ဆီထည့္ပါ။ ဆီပူလာပါက ဝက္သားလံုးမ်ားကို ၂ မိနစ္ခန္႔ ထည့္ေၾကာ္ေပးလိုက္ပါ။ ဝက္သားမ်ား က်က္သြားပါက ပန္းကန္ျပားထဲသို႔ ဆယ္ထည့္ထားပါ။
၄။ ဒယ္အိုးကို အပူေပးၿပီး ဆီ စားပြဲတင္ဇြန္း ၁ ဇြန္းထည့္ပါ။ ဆီပူလာပါက ဂ်င္းႏွင့္ ၾကက္သြန္ၿမိတ္တို႔ထည့္ၿပီး ၁ မိနစ္ခန္႔ ဆီသတ္ပါ။ ထို႔ေနာက္ သၾကား ၁၀ ဂရမ္ထည့္ကာ သၾကားမ်ား ေပ်ာ္ဝင္သြားသည္အထိ ေမႊေပးလိုက္ပါ။
၅။ ဟင္းခ်က္ဝိုင္ စားပြဲတင္ဇြန္း ၁ ဇြန္း၊ ပဲငံျပာရည္အၾကည္ စားပြဲတင္ဇြန္း တစ္ဇြန္းခြဲ၊ ပဲငံျပာရည္အေနာက္ လက္ဖက္ရည္ဇြန္း ၄ ပံု ၁ ပံု၊ ခရုဆီ စားပြဲတင္ဇြန္း ၁ ဇြန္း၊ ေရ ၃၇၅ မီလီလီတာတို႔ကို အိုးထဲထည့္ကာ ပြက္ပြက္ဆူလာသည္အထိ ေမႊေပးလိုက္ပါ။
၆။ ပြက္ပြက္ဆူလာပါက ဝက္သားလံုးေၾကာ္မ်ားထည့္ကာ မီးေအးေအးျဖင့္ ၁၅ မိနစ္ခန္႔ တည္ေပးလို္က္ပါ။ (၆ မိနစ္၊ ၇ မိနစ္ခန္႔အၾကာတြင္ ဝက္သားလံုးကို တစ္ဖက္သို႔လွန္ေပးဖို႔ မေမ့ပါနဲ႔။)
၇။ အရည္မ်ား ပြက္ပြက္ဆူလာပါက မီးပိတ္လိုက္လို႔ရပါၿပီ။
၈။ ပန္းကန္လံုးတစ္လံုးထဲတြင္ ျပဳတ္ထားေသာ မုန္ညွင္းရြက္မ်ားကို အစီအရီစီထားလိုက္ပါ။ ထိုမုန္ညွင္းရြက္ေပၚတြင္ ဝက္သားလံုးေၾကာ္မ်ားကို အစီအရီတင္ထားလိုက္ပါ။
ဒါဆိုရင္ေတာ့ အျမင္လည္းလွ၊ အရသာလည္း ေကာင္းတဲ့ ဝက္သားလံုးေၾကာ္ေလး ရရွိသြားပါၿပီ။
Source: Thewoksoflife.com