အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ဝက်သားလုံးပေါင်းဟင်းလျာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား သုံးထပ်သား ၅၀၀ ဂရမ်
  • ဆားနှင့် သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းစီ
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်ဥ ၂ လုံး

  • ပြောင်းမှုန့် ၃၀ ဂရမ်
  • ဂျင်း ကြက်သွန်မြိတ်အရည် စားပွဲတင်ဇွန်း ၂ ဇွန်း (ဂျင်း ၂၀ ဂရမ်နှင့် ကြက်သွန်မြိတ် ၂ ပင်မှ ပြုလုပ်ထားပါ)

ဟင်းရည် ပြုလုပ်ရန် လိုအပ်သောပါဝင်ပစ္စည်းများ

  • သကြား ၂၀ ဂရမ်
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • နာနတ်ပွင့် ၁ ပွင့်၊ ကြက်သွန်ဖြူ ၂ မြွှာနှင့် ကြက်သွန်မြိတ် ၁ ပင်
  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ရေ ၂၀၀ မီလီလီတာ

အခြားပါဝင်ပစ္စည်းများ

  • မုန်ညှင်းထုပ်
  • ပြောင်းမှုန့် အနည်းငယ်
  • ဟင်းချက်ဆီ အနည်းငယ်
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်သား အဆီနှင့် အသားတုံးများကို နုပ်နုပ်စဉ်းထားပါ။

၂။ ကြက်သွန်မြိတ် ဂျင်းပြုတ်ရည် ပြုလုပ်ဖို့ရန်အတွက် ကြက်သွန်မြိတ်နှင့် ဂျင်းတို့ကို ပါးပါးလှီးကာ ရေနွေးပူထဲတွင် ၁၀ မိနစ်ခန့် စိမ်ထားပါ။ သတ်မှတ်ချိန်ပြည့်ပါက ဂျင်းနှင့် ကြက်သွန်မြိတ်များကို ဆယ်ယူပါ။

၃။ ထို့နောက် ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် နုပ်နုပ်စဉ်းထားသောဝက်သား၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ ဆန်ဝိုင်၊ ပဲငံပြာရည်အကြည်၊ ကြက်ဥ ၂ လုံး၊ ပြောင်းမှုန့်နှင့် ဂျင်းပြုတ်ရည် စားပွဲတင်ဇွန်း ၂ ဇွန်းတို့ကို သမအောင် ရောနယ်ပါ။

၄။ ထို့နောက် အသားလုံးများကို ခပ်ကြီးကြီးလုံးပြီးနောက် ပြောင်းမှုန့်ဖြင့် ကပ်ပါ။ ထို့နောက် ဆီပူထဲတွင် အညိုရောင် ပြောင်းသွားသည်အထိ ကြော်လိုက်ပါ။

၅။ ထို့နောက် ဒန်အိုးတစ်လုံးတွင် သကြား၊ ပဲငံပြာရည်၊ နာနတ်ပွင့်၊ ဆန်ဝိုင်၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်နှင့် ရေ ၂၀၀ မီလီလီတာတို့ ထည့်ပါ။

ထို့နောက် ဝက်သားလုံးများကို အစီအရီထည့်ထားပါ။

၆။ အပေါ်ကနေ မုန်ညှင်းရွက်လေးများ အုပ်ပါ။ ထို့နောက် မီးအေးအေးဖြင့် မိနစ် ၄၀ ခန့် တည်ထားလိုက်ပါ။

မိနစ် ၄၀ ပြည့်သွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဝက်သားလုံးပေါင်းလေး ရရှိသွားပါပြီ။

Source: Tasteasianfood.com