အာလူးချစ်သူတို့ရေ မင်္ဂလာပါနော်။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ အာလူးကပ်သလစ်ကြော်လေးကတော့ အပြင်ဘက်မှာ ဝက်သားမွကြော်လေးတွေ ကပ်နေပြီး အတွင်းထဲမှာတော့ ချိစ်အရသာလေး စိမ့်ဝင်နေတဲ့ အာလူးကပ်သလစ်ကြော်လေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူးထောင်း ပန်းကန်လုံး ၂ လုံးစာ (အာလူးများကို ပြုတ်ပြီး ညှက်နေအောင် ထောင်းထားပါ)
  • ကြက်ဥ ၁ လုံး (မွှေခလောက်ထားပါ)
  • Cheddar ချိစ် ၄ အောင်စ (လေးထောင့်အတုံးငယ် တုံးထားပါ)
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဝက်ဆားနယ်ခြောက် Bacon ဝ.၅ ပေါင် (ကြွပ်နေအောင် ကြော်ထားပြီး အကြေအစများဖြစ်အောင် ချေမွထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် အာလူးထောင်း၊ ကြက်သွန်မြိတ်နှင့် ဝက်ဆားနယ်ခြောက် စားပွဲတင်ဇွန်း ၄ ဇွန်းခန့်တို့ကို သမအောင် ရောနယ်ထားပါ။

၂။ ထို့နောက် ထိုအာလူးနယ်ကို ၁ လက်မအရွယ်အစားရှိ အာလူးလုံးအဖြစ် လုံးပေးလိုက်ပါ။

၃။ အာလူးလုံးရဲ့အလယ်ဗဟိုတည့်တည့်ထဲသို့ ချိစ်အတုံးလေးထည့်ကာ ထပ်လုံးပေးလိုက်ပါ။

၄။ ရရှိလာတဲ့ ချိစ်အာလူးလုံးကို မွှေခလောက်ထားသော ကြက်ဥထဲ ထည့်နှစ်လိုက်ပါ။ ထို့နောက် ဝက်သားမွကြော်များဖြင့် ကပ်ပေးလိုက်ပါ။

၅။ ထို့နောက် ထိုဝက်သားကပ် ချိစ်အားလူးလုံးများကို လင်ဗန်းပေါ် အဆင်သင့် တင်ထားလိုက်ပါ။

၆။ ၃၇၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားသော Oven ထဲထည့်ကာ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ထည့်ကာ အပူပေးလိုက်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ရွှေရောင်အဆင်းသဏ္ဍာန်ရှိပြီး စားချင်စဖွယ် အနံ့အရသာနဲ့ ပြည့်စုံတဲ့ ဝက်သားကပ် ချိစ်အာလူးကြော်လေး ရရှိသွားပါပြီ။

စာဖတ်သူတို့အနေနဲ့ Oven ထဲ ထည့်မကြော်ချင်ဘူးဆိုရင်တော့ ဆီပူပူထဲထည့်ကာ ရွှေညိုရောင် ပြောင်းလာသည်အထိ စိတ်ရှည်ရှည်နဲ့ ကြော်လို့လည်း ရပါသေးတယ်။

Source: Centslessdeals.com