အားလုံးပဲ မင်္ဂလာပါ။ ကော်ပြန့်ကြော် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ချိစ်၊ ဝက်သားစတဲ့ အစားအစာစုံစုံလင်လင်နဲ့ ထည့်လိပ်ထားတဲ့ အာလူးထောင်း ကော်ပြန့်ကြော် ပြုလုပ်နည်းလေး ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၂ လုံး (အခွံခွာ၊ ရေဆေးပြီးနောက် အတုံးသေးသေး တုံးထားပါ)
  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • Sour Cream စားပွဲတင်ဇွန်း ၅ ဇွန်း
  • ပါးပါးလှီးထားသောကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်

  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကော်ပြန့်ပြုလုပ်သော ဖက်ရွက် ၁၀ ရွက်၊ ၁၂ ရွက်ခန့်
  • ဝက်သား အနည်းငယ် (နုပ်နုပ်စဉ်းပြီးနောက် ကြွပ်နေအောင် ကြော်ထားပါ)
  • ချိစ် ၃ အောင်စ (အချောင်းလိုက် လှီးဖြတ်ထားပါ)
  • ကြော်ရန် ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အာလူးတုံးများကို ပွက်ပွက်ဆူနေသော ရေနွေးထဲတွင် နူးအိသွားသည်အထိ ပြုတ်ပေးလိုက်ပါ။

ရရှိလာတဲ့ အာလူးပြုတ်များကို ဆယ်ယူပြီးနောက် ညက်နေအောင် ထောင်းပါ။ ထို့နောက် အာလူးထောင်း၊ ထောပတ်၊ Sour Cream၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ဆားတို့ဖြင့် သမအောင် ရောနယ်ပေးလိုကပါ။

၂။ ကော်ပြန့်လိပ်မယ့် ဂျုံရွက်အလယ်တည့်တည့်ပေါ်သို့ စောစောက အာလူးအစာသွပ်များ စားပွဲတင်ဇွန်း ၂ ဇွန်း၊ ၃ ဇွန်းခန့် ထည့်ပါ။ ထို့နောက် ချိစ်အနည်းငယ်နှင့် ဝက်သားကြော် အနည်းငယ် ထည့်ပြီး လိပ်ပေးလိုက်ပါ။

ကော်ပြန့်လိပ်တဲ့အခါ ဂျုံရွက်ရဲ့အနားသားများကို မွှေခလောက်ထားသော ကြက်ဥ (သို့) ရိုးရိုးရေ ဆွတ်ကာ လိပ်ပေးရပါမယ်။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကော်ပြန့်လိပ်များ ထည့်ကာ ရွှေညိုရောင်ပြောင်းလာသည်အထိ ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

ရရှိလာတဲ့ အာလူးကော်ပြန့်လိပ်များကို ဆယ်ယူပြီးနောက် အအေးခံကာ မိမိနှစ်သက်ရာ အချဉ်ရည်ဖြင့် အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Iwashyoudry.com