ငါးချဉ်ကို သုတ်ပြီး များသောအားဖြင့် ထမင်းနှင့် စားကြပါတယ် ။  မဒေါက်မှာတော့ ငါးချဉ်ကို နေ့လည်စာ အဆာပြေ စားသလို  မုန့်ဟင်းခါးထဲလည်း ထည့်စားတတ်ပါတယ် ။   တစ်ကျောင်း တစ်ဂါထာ ၊  တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသလိုပေါ့ ၊ စားကြပါဦး “မဒေါက်” ငါးချဉ် ။

ပါဝင်ပစ္စည်း

  • ငါးချဉ်
  • ကြက်သွန်နီ  ကြီးကြီး
  • ကြက်သွန်ဖြူ
  • ငရုတ်သီးစိမ်း
  • နံနံပင်
  • ငရုတ်သီးမှုန့်
  • ပဲဆီ
  • ရေနွေးကြမ်း

ပြင်ဆင်ပြုလုပ်နည်း

  1. ငါးချဉ်ကို အရွယ်တော် တုံးပါ ။
  2. ကြက်သွန်နီ ကြီးကြီးလှီးပြီး ၊ ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း ၊ နံနံပင် ၊ ငရုတ်သီးမှုန့် ဖြူးပြီး  ပဲဆီ မွှေးမွှေးလေး ဆမ်းပါ ။
  3. ရေနွေးကြမ်းနဲ့ နေ့လယ်ခင်း အပျင်းပြေ အစားအစာလေးပါ။

Credit: U Kyaw Lin Thant