အားလုံးပဲ မင်္ဂလာပါ။ ချဉ်စပ်ဟင်းရည် ရှူးရှူးရှဲရှဲလေး စားသုံးချင်သူများအတွက် ချဉ်စပ် ပုစွန် တုန်ယမ်းဟင်းရည် ပြင်ဆင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • စပါးလင် ၁ ပင်
  • ကြက်ပြုတ်ရည် ၁ လီတာ
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကြက်သွန်ဖြူ ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ရှောက်ရွက် ၃ ရွက်

  • မှိုနှင့် ချယ်ရီခရမ်းချဉ်သီး
  • ပုစွန် ၁၄ ကောင် (အခွံခွာထားပါ)
  • ငရုတ်ပွအစိမ်း (သို့) အနီ ၁ လုံး (ပါးပါးလှီးထားပါ)
  • အုန်းနို့ စားပွဲတင်ဇွန်း ၈ ဇွန်း
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ စပါးလင်ကို အပေါ်ပိုင်း ၃ ပုံ ၂ ပုံကို ဒီအတိုင်း ထားထားပြီး ကျန် ၃ ပုံ ၁ ပုံကိုတော့ ပါးပါးလှီးထားပါ။

၂။ အိုးတစ်လုံးထဲတွင် ကြက်ပြုတ်ရည်ထည့်ပြီးနောက် စပါးလင်ချောင်းထည့်ကာ ၅ မိနစ်ခန့် တည်ပါ။

၃။ ၅ မိနစ်ပြည့်ပါက မီးအပူချိန်ကို အနည်းငယ်လျော့လိုက်ပါ။ ကြက်သွန်ဖြူ၊ ငရုတ်သီးမှုန့်၊ ရှောက်ရွက်၊ ပါးပါးလှီးထားသော မှိုတို့ထည့်ကာ နောက်ထပ် ၅ မိနစ်ခန့် တည်ထားပါ။

၄။ ထို့နောက် ပုစွန်၊ ငရုတ်ပွ၊ ချယ်ရီခရမ်းချဉ်သီးတို့ ထည့်ကာ နောက်ထပ် ၅ မိနစ်ခန့် တည်ပါ။

၅။ မီးအပူချိန်ကို ထပ်လျော့ပြီးနောက် အုန်းနို့၊ ငါးငံပြာရည်တို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၆။ ပွက်ပွက်ဆူလာအောင် တည်ပြီးတဲ့နောက်မှာတော့ အရသာအပေါ့အငန် မြည်းကြည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ တုန်ယမ်းဟင်းရည်လေး ရရှိသွားပါပြီ။

ခေါက်ဆွဲ ကြိုက်နှစ်သက်သူများအနေနဲ့ ခေါက်ဆွဲထည့်ကာ ပြုတ်စားနိုင်ပါသေးတယ်။

Source: Thespruceeats.com