အားလုံးပဲ မင်္ဂလာပါ။ မာလာဆိုရင် မာလာဟင်း၊ မာလာရှမ်းကော၊ စသဖြင့် အကုန်လုံးက စားလို့ကောင်းလွန်းပါတယ်နော်။ ဒါကြောင့် ဒီတစ်ခါမှာလည်း ငါးဟင်းကို ရိုးရိုးမချက်ဘဲမာလာငါးဟင်းဆိုပြီး ဆန်းဆန်းလေးဖြစ်အောင် ပြောင်းလဲချက်ကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ငါး
  • အသီးအနှံ (ကြာရိုး၊ မျှစ်ခြောက်/အစို၊ ကဇွန်းရွက်၊ ဥနီ၊ ပဲပြားအစို/အခြောက်၊ နှစ်သက်ရာ အသီးအရွက်)
  • မြေပဲဆီ၊ မြေပဲလှော်လုးံခွဲထောင်း
  • ငရုတ်ကောင်းမှုန့်၊ ဝှါခြောင်မှုန့်၊ ဝှါခြောင်ဆီ
  • ငရုတ်သီးကြမ်းမှုန့်၊ ငရုတ်သီးလှော်မှုန့်
  • ရှောက်ကောမှုန့်
  • နှမ်းလှော်ထောင်း၊ နံနံစေ့လှော်ထောင်း
  • အရောင်တင်မှုန့်၊ ကြက်သွန်ဖြူထောင်း၊ ဂဏန်းမှုန့်

ပြုလုပ်နည်း

မာလာဟင်းအနှစ်ပြုလုပ်နည်း- အိုးထဲ ဆီပူလျှင် ကြက်သွန်ဖြူထောင်း ထည့်ပြီး ဆီသက်ပါ။ ပြီးလျှင် ပါဝင်ပစ္စည်းများ (အမှတ်စဉ် ၃ မှ ၁၄ အထိ) ထည့်ပါ။ ခဏထားပြီး အအေးခံထားပါ။

ငါးကိုသန့်စင်ထားပြီး ဆားနှင့်နယ်ထားပါ။ စားခါနီးမှ ရေနွေး ဆူတဲ့ထဲ ငါးထည့် ပြုပ်ပါ။ ငါးကျက်တော့ ဆယ်ထားပါ။ ငါးပြုပ်ရည်ထဲတွင် အသီးအနှံတွေထည့်ပြီး ခပ်စိမ်းစိမ်းလေး ပြုပ်ပါ။

ကျက်လျှင် ဆယ်ပြီး မာလာအနှစ်ထဲတွင် ကြက်သွန်မိတ်၊ ဂဏန်းမှုန့် ထည့်၍ ကျက်ပြီးသား ငါးပေါ် လောင်းချပါ။ အပေါ့ငံ မြည်းပြီး သုးံဆောင်နိုင်ပါသည်။။

Credit: Daw Suu Suu