အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့အစားအစာလေးကတော့ အာလူးအစာသွပ် အသားလုံးကြော်ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၁ ပေါင် (ဝက်သား၊ ကြက်သား သို့မဟုတ် မိမိကြိုက်နှစ်သက်ရာအသားတစ်မျိုးမျိုးကို အသုံးပြုနိုင်ပါတယ်)
  • အာလူး ၄ လုံး (ပြုတ်ထားပါ)
  • အကြော်ခံပေါင်မုန့် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ကြက်ဥ ၁ လုံး
  • ကြက်သွန်ဖြူ ၁ ဥ (ပါးပါးလှီးထားပါ)

  • နံနံပင် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ပါးပါးလှီးထားသော ကြက်သွန်နီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • မိမိကြိုက်နှစ်သက်ရာ ဘာဘီကျူးဆော့စ် ၁ ပုလင်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပြုတ်ပြီးသား အာလူးများကို ငရုတ်ဆုံထဲ ညှက်နေအောင် ထည့်ထောင်း၍သော်လည်းကောင်း၊ ကြိတ်စက်ထဲထည့်၍သော်လည်းကောင်း အာလူးထောင်းများ ရရှိအောင် ပြုလုပ်ထားပါ။

၂။ ထို့နောက် အာလူးများကို ဇွန်းအသေးဖြင့် တစ်ဇွန်းစာ ကလော်ပြီးနောက် အလုံးသေးသေးလေး လုံးလိုက်ပါ။ ထို့နောက် ရေခဲသေတ္တာထဲတွင် အအေးခံထားလိုက်ပါ။

၃။ အခြားပန်းကန်လုံးတစ်လုံးထဲတွင် အမဲသား၊ ကြက်သွန်နီ၊ ပေါင်မုန့်အကြေအစ၊ ကြက်ဥ၊ ကြက်သွန်ဖြူ၊ နံနံပင်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ ထည့်ကာ သမအောင် နယ်လိုက်ပါ။

၄။ ထို့နောက် နယ်ထားသော အသားကို အလုံးခပ်ကြီးကြီးခန့် လုံးပြီးနောက် လက်ဖဝါးဖြင့် ပြားအောင် ဖိလိုက်ပါ။ ထို့နောက် အာလူးလုံးများကို အလယ်တည့်တည့်တွင်ထည့်ကာ လုံးပေးလိုက်ပါ။

၅။ နောက်တစ်ဆင့်အနေနဲ့ Instant Pot ထဲသို့ သံလွင်ဆီထည့်ပါ။ အာလူးအစာသွပ် အသားလုံးများထည့်ကာ အလယ်အလတ်မီးအပူချိန်ဖြင့် အပူပေးပါ။

၆။ အသားလုံးများ အညိုရောင် ပြောင်းသွားပါက ဘာဘီကျူးဆော့စ်များ လောင်းထည့်ကာ သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် မီးအေးအေးဖြင့် ၂ နာရီမှ ၃ နာရီခန့် အပူပေးထားလိုက်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ အရသာရှိတဲ့ အာလူးအစာသွပ် အသားလုံးကြော်လေးများ ရရှိသွားပါပြီ။

စာဖတ်သူတို့အနေနဲ့ Instant Pot အသုံးမပြုချင်ပါက ဒယ်အိုးထဲ ဆီများများထည့်ပြီး ရွှေညိုရောင် ပြောင်းသွားသည်အထိ ကြော်နိုင်ပါတယ်။

Source: Tableandhearth.com