ကန်စွန်းဥပြုတ်ကို လူအများစု စားသုံးကြပေမယ့် ကန်စွန်းဥထောင်းလိုမျိုး လုပ်စားတာကတော့ ရှားပါလိမ့်မယ်။ ဒါ့ကြောင့် ဒီတစ်ခါမှာတော့ ကန်စွန်းဥပြုတ်ကို အမြင်ဆန်းသစ်အောင် အရသာလည်း အသစ်အဆန်း မြည်းစမ်းကြည့်လို့ရအောင် ကန်စွန်းဥထောင်း ပြင်ဆင်ပြုလုပ်နည်းကို MyFood Myanmar ရဲ့အစားအစာချစ်သူများအတွက် ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကန်စွန်းဥ ၂ ပေါင်
  • ဆား အနည်းငယ်
  • ထောပတ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • နွားနို့ နွေးနွေးလေး စားပွဲတင်ဇွန်း ၄ ဇွန်း

  • ငရုတ်သီးစိမ်း ၁ တောင့် (ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၄ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကန်စွန်းဥကို အခွံခွာထားပြီးနောက် အတုံးခပ်ကြီးကြီး တုံးထားလိုက်ပါ။

၂။ အိုးအကြီးတစ်လုံးထဲတွင် ကန်စွန်းဥများထည့်ပါ။ ကန်စွန်းဥများ မြှုပ်သွားသည်အထိ ရေထည့်ပါ။ ထို့နောက် အိုးအဖုံးအုပ်ပြီး ပွက်ပွက်ဆူလာသည်အထိ တည်ထားလိုက်ပါ။

၃။ ပွက်ပွက်ဆူလာပြီဆိုရင်တော့ ဆားအနည်းငယ်ထည့်ကာ ကန်စွန်းဥများ နူးအိ မနူးအိဆိုတာကို ခက်ရင်း (သို့) ဓားဖြင့် စမ်းကြည့်လိုက်ပါ။

၄။ ကန်စွန်းဥများ နူးအိသွားပြီဆိုရင်တော့ ကန်စွန်းဥများကို ဆယ်ယူလိုက်လို့ရပါပြီ။ ဒန်အိုးထဲက ရေများကိုတော့ သွန်ပစ်လိုက်ပါ။

၅။ ထို့နောက် ကန်စွန်းဥများကို ဒန်အိုးထဲ ပြန်ထည့်လိုက်ပါ။ ဆားအနည်းငယ်၊ ထောပတ်၊ ငရုတ်ကောင်းမှုန့်၊ နွားနို့တို့ထည့်ကာ အတုံးအခဲများ မကျန်တော့သည်အထိ ယောင်းမဖြင့် ချေပေးလိုက်ပါ။

၆။ သမအောင် ချေပြီးသွားတဲ့အခါမှာတော့ ကြက်သွန်မြိတ်များထည့်ကာ ထပ်နယ်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကန်စွန်းဥထောင်းလေး ရရှိသွားပါပြီ။ အရသာရှိရှိ အားရပါးရ သုံးဆောင်လိုက်ပါ။

Source: Thespruceeats.com