အားလုံးပဲ မင်္ဂလာပါ။ ဟင်းသီးဟင်းရွက်စုံစုံလင်လင်ကို ကြက်သားနဲ့ ကြော်ထားတဲ့ အစိမ်းကြော် ကြော်နည်းလေးကို MyFood Myanmar ရဲ့ဟင်းချက်ဝါသနာပါသူတွေအတွက် ဝေမျှပေးချင်ပါတယ်။ အားလုံးပဲ ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်ဖြူ ၁ မြွှာ (ပါးပါးလှီးထားပါ)
  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်ရင်အုံသား ၈ အောင်စ (ပါးပါးလှီးထားပါ)
  • မုန့််ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၄ ပုံ ၃ ပုံ
  • ပန်းဂေါ်ဖီစိမ်း အနည်းငယ်

  • ပဲလုံးစိမ်း အနည်းငယ်
  • ဂေါ်ဖီထုပ် အနည်းငယ်
  • မှို ၃ ပွင့်
  • မုန်လာဥနီ ၁ လုံး (အခွံခွာပြီး ပါးပါးလှီးထားပါ)
  • ရေ စားပွဲတင်ဇွန်း ၈ ဇွန်း

  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားတုံးများကို မုန့်ဖုတ်ဆိုဒါနှင့် သမအောင် ရောနယ်ပြီးတဲ့နောက်မှာ မိနစ် ၂၀ ခန့် သိပ်ထားလိုက်ပါ။ မိနစ် ၂၀ ပြည့်တဲ့အခါမှာတော့ ကြက်သားတုံးများကို ရေဆေးချလိုက်ပါ။

ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ရေ၊ ပြောင်းမှုန့်၊ ပဲငံပြာရည်နှင့် ခရုဆီတို့ထည့်ကာ သမအောင် ရောမွှေပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူ ဆီသတ်ပါ။

၃။ ကြက်သားတုံး ထည့်ပြီး ၁ မိနစ်ခန့် မွှေကြော်ပါ။ ထို့နောက် ပန်းဂေါ်ဖီစိမ်း၊ ပဲလုံးစိမ်း၊ ဂေါ်ဖီထုပ်၊ မှိုနှင့် မုန်လာဥနီတို့ထည့်ကာ သမအောင် မွှေကြော်လိုက်ပါ။

၄။ ဟင်းသီးဟင်းရွက်နှင့် ကြက်သားများ ကျက်သွားတဲ့အခါမှာတော့ ပဲငံပြာရည်အရောအနှောဆော့စ်များ လောင်းထည့်ကာ ၂ မိနစ်ခန့် မွှေကြော်ပါ။ ဆော့စ်များ ပျစ်သွားတဲ့အခါမှာတော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အစိမ်းကြော်လေး ရရှိသွားပါပြီ။

Source: Kirbiecravings.com