အာလူး ကြက်သားဟင်းကို မြန်မာချက် ချက်ရတာ ငြီးငွေ့နေပြီလား။ အရသာတစ်မျိုးပြောင်းသွားအောင်လို့ မြေထဲပင်လယ်စတိုင်လ် ချက်နည်းနဲ့ ချက်ကြည့်လိုက်ပါ။

မြေထဲပင်လယ်စာစတိုင်လ် ချက်ထားတာဆိုတော့ မြန်မာပါးစပ်နဲ့ အစပ်အဟပ်တည့်ပါ့မလားလို့ စိုးရိမ်နေသူများအတွက် ဒီဟင်းလျာလေးကို ချက်စားပြီးတဲ့နောက်မှာတော့ ထိုစိုးရိမ်မှုက အလဟဿပဲဆိုတာကို သိသွားပါလိမ့်မယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင် ၈ ပေါင်
  • ဆားနှင့် ငရုတ်ကောင်းမှုန့်
  • သံလွင်ဆီအနည်းငယ်
  • အာလူး ၆၈၀ ဂရမ် (အခွံခွာပြီး အတုံးခပ်သေးသေး တုံးထားပါ)
  • ခရမ်းချဉ်သီး အလုံးသေး ၃၀၀ ဂရမ်

  • ငရုတ်ပွအနီ ၂၈၀ ဂရမ်
  • ကြက်သွန်ဖြူ ၈ မြွှာ (အခွံခွာပြီး ထောင်းထားပါ)
  • နံနံပင် စားပွဲတင်ဇွန်း ၃ ဇွန်း (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၄၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ ကြက်သားကို ရေဆေးပြီးနောက် တစ်သျှူးစက္ကူဖြင့် ခြောက်အောင် သုတ်ထားလိုက်ပါ။ ထို့နောက် ဆား၊ ငရုတ်ကောင်းတို့ဖြင့် နယ်ထားလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး သံလွင်ဆီ အနည်းငယ်ထည့်ပါ။ ထို့နောက် ကြက်ပေါင်များထည့်ကာ ရွှေရောင်သမ်းသွားသည်အထိ မီးအပူပေးလိုက်ပါ။ ရွှေရောင်ဖျော့ဖျော့ ပြောင်းသွားပါက အခြားတစ်ဖက်သို့လှန်ပြီး ဆက်ကြော်ပေးပါ။ ထို့နောက် မီးပိတ်လိုက်ပါ။

၄။ ဒယ်အိုးရဲ့အပူရှိန်နဲ့ပဲ အိုးထဲသို့ အာလူး၊ ခရမ်းချဉ်သီး၊ ငရုတ်ပွနှင့် ကြက်သွန်ဖြူတို့ထည့်ကာ သမအောင် ရောမွှေပေးလိုက်ပါ။ ဆား၊ ငရုတ်ကောင်းမှုန့်နှင့် သံလွင်ဆီ အနည်းငယ်ထည့်ကာ သမအောင် မွှေပြီးတဲ့နောက်မှာတော့ Oven ထဲတွင် ၄၅ မိနစ်၊ ၅၅ မိနစ်ခန့် ထည့်ပြီး အပူပေးလိုက်ပါ။

သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ Oven ထဲက ထုတ်နိုင်ပါပြီ။ ဒါဆိုရင်တော့ အရသာရှိတဲ့ မြေထဲပင်လယ်စတိုင်လ် ချက်ပြုတ်နည်းနဲ့ ချက်ထားတဲ့ အာလူးကြက်သားဟင်းလေး ရရှိသွားပါပြီ။

ထမင်းနဲ့ အတူတူ အရသာရှိရှိစားသုံးလိုက်ပါ။

Source: Thewoksoflife.com