အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့အစားအစာလေးကတော့ အရသာရှိတဲ့ သကြားမုန်လာကြော် ကြော်နည်းလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သကြားမုန်လာ ၄ ဥ
  • ကုးလားပဲ ပန်းကန်လုံး ၄ လုံးစာ
  • ကြက်သွန်ဖြူ တစ်ဝက် (ပါးပါးလှီးထားပါ)
  • နံနံပင်အနည်းငယ်
  • ကြက်သွန်ဖြူ ၄ မြွှာ (ပါးပါးလှီးထားပါ)

  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၆ ဇွန်း
  • မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဇီရာမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကုလားပဲအစိမ်းများကို ရေဆေးပြီးနောက် အစားအစာကြိတ်စက်ထဲထည့်ကာ ညှက်နေအောင် ကြိတ်ပေးလိုက်ပါ။

ထို့နောက် သကြားမုန်လာကို အနေတော်အတုံး တုံးထားပါ။

၂။ ထိုကြိတ်စက်ထဲသို့ ဟင်းရွက်ဆီမှလွဲ၍ ကျန်ရှိနေသော ပါဝင်ပစ္စည်းများအားလုံး ထည့်ကာ ညှက်နေအောင် ရောမွှေပေးလိုက်ပါ။

၃။ ထို့နောက် သကြားမုန်လာအရောအနှောများကို စားပွဲတင်ဇွန်း ၁ ဇွန်းခန့် ခပ်ယူပြီးနောက် အလုံးသေးသေးလုံး လုံးလိုက်ပါ။ ထို့နောက် လင်ဗန်းပေါ် တင်ပါ။

၄။ သကြားမုန်လာလုံးများကို လက်ချောင်းဖြင့် ဖိဖိလေး ဖိလိုက်ပါ။

၅။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက သကြားမုန်လာအဝိုင်းပြားလေးများထည့်ကာ တစ်ဖက်ခြမ်းစီကို ၂ မိနစ်၊ ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

ရရှိလာတဲ့ သကြားမုန်လာများကို သူ့ချည်းပဲ စားသုံးနိုင်သလို မိရောနိစ်များနဲ့လည်း တွဲဖက်စားသုံးနိုင်ပါတယ်။

Source: Cooktoria.com