အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ပဲပင်ပေါက် ကြက်သားရောကြော်ဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲပင်ပေါက် ပန်းကန်လုံးအသေး ၁ လုံးခွဲခန့်
  • ကြက်ရင်အုံသာ (သို့) ကြက်ပေါင်သား ၁ ပေါင် (အရေခွံနှင့် အရိုးတို့ကို ဖယ်ရှားထားပါ)
  • ခရုဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ကြက်သွန်မြိတ် ၂ ပင် (တစ်လက်မ အရှည်ခန့် လှီးဖြတ်ထားပါ)
  • ကြက်သွန်နီ တစ်ခြမ်း
  • ပါးပါးလှီးထားးသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း

ဆော့စ်ပြုလုပ်ရန် လိုအပ်သောပါဝင်ပစ္စည်းများ

  • ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် အကြည် လက်ဖက်ရည်ဇွန်း ၄ ဇွန်း
  • ရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ရေ (သို့) ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ရေ လက်ဖက်ရည်ဇွန်း ၄ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပဲပင်ပေါက်များကို ပွက်ပွက်ဆူပြီးသား ရေနွေးပူထဲတွင် ၁၅ စက္ကန့်မှ စက္ကန့် ၃၀ အထိ ထည့်ပြုတ်ထားလိုက်ပါ။

၂။ ကြက်သားတုံးများကို တစ်လက်မပတ်လည် အတုံးငယ်များ တုံးထားလိုက်ပါ။ ထို့နောက် ပန်းကန်လုံးတစ်လုံးထဲ ထည့်ပြီးနောက် ခရုဆီ၊ သကြားနှင့် ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ဖြင့် သမအောင် ရောနယ်ထားလိုက်ပါ။ ၁၅ မိနစ်ခန့် နှပ်ထားရပါဦးမယ်။

၃။ ကြက်သားနှပ်ထားစဉ်မှာ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ပဲငံပြာရည်အကြည်နှင့် အနောက်၊ ရှာလကာရည်၊ သကြား၊ ရေ (သို့) ကြက်ပြုတ်ရည်တို့ကို သမအောင် ရောမွှေထားလိုက်ပါ။

အခြားပန်းကန်လုံးအသေးတစ်လုံးထဲတွင်တော့ ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ရေ လက်ဖက်ရည်ဇွန်း ၄ ဇွန်းဖြင့် သမအောင် ရောမွှေထားလိုက်ပါ။

၄။ ဒယ်အိုးတစ်လုံးကို အလယ်အလတ်မီးအပူချိန် ပေးပြီးနောက် ဆီ စားပွဲတင်ဖွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သားတုံးများထည့်ပြီး ကြက်သားတုံးများ အရောင်ပြောင်းသွားသည်အထိ (၈၀ ရာခိုင်နှုန်းခန့် ကျက်သွားသည်အထိ) ကြော်ပေးလိုက်ပါ။

ထို့နောက် ကြက်သားကို ပန်းကန်လုံးထဲသို့ ဆယ်ယူပြီး ဒယ်အိုးကို သန့်ရှင်းရေးလုပ်လိုက်ပါ။

၅။ ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်နှင့် ငရုတ်သီးမှုန့်တို့ထည့်ပြီး ၁၅ စက္ကန့်ခန့် ဆီသတ်ပါ။

ထို့နောက် ကြက်သားကြော်များကို ဒယ်အိုးထဲသို့ ပြန်ထည့်ပြီး သမအောင် မွှေကြော်ပါ။ ထို့နောက် ကြက်သားများကို ဒယ်အိုးဘေးဘက်သို့ ကပ်ထားပြီး ဒယ်အိုးအလယ်တည့်တည့်ထဲသို့ အဆင့် (၃) က ပြုလုပ်ထားသော ပဲငံပြာရည်ဆော့စ်နှင့် ပြောင်းမှုန့်ရည်များ လောင်းထည့်လိုက်ပါ။

၆။ သမအောင် မွှေပြီးတဲ့နောက်မှာ ကြက်သွန်နီ ထည့်ပြီး မိနစ်အနည်းငယ်ခန့် မွှေကြော်ပါ။ ထို့နောက် ပဲပင်ပေါက်ထည့်ကာ တစ်မိနစ်ခန့် ကြော်ပေးရပါမယ်။

အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ပဲပင်ပေါက် ကြက်သားရောကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Thespruceeats.com