အားလုံးပ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ မှို၊၊ အခြားဟင်းသီးဟင်းရွက်များ သမအောင် ရောကြော်ထားတဲ့ ကြက်သားဟင်း ချက်ပြုတ်ပြင်ဆင်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံသား ၁ ပေါင် (ပါးပါးလှီးထားပါ)
  • မှို ပန်းကန်လုံးအသေး ၁ လုံးခွဲ (ပါးပါးလှီးထားပါ)
  • ပန်းဂေါ်ဖီစိမ်း ပန်းကန်လုံး ၂ လုံးစာ (အနေတော် လှီးဖြတ်ထားပါ)
  • ပါးပါးလှီးထားသော မုန်လာဥနီ ပန်းကန်လုံး ၁ လုံးစာ
  • ပဲလိပ်ပြာ ပန်းကန်လုံး ၁ လုံးစာ

  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • မျှစ် ၈ အောင်စ (ပါးပါးလှီးထားပါ)
  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် နှမ်းစေ့ အနည်းငယ်

ကြက်သားနယ်ရန် ဆော့စ်

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်

ကြော်ရန် လိုအပ်သောဆော့စ်

  • ကြက်ပြုတ်ရည် (သို့) ဟင်းရွက်ပြုတ်ရည် စားပွဲတင်ဇွန်း ၂၄ ဇွန်း
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • နှမ်းဆီ စားပွဲတင်ဇွန်း တစ်ဝက်
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း တစ်ဝက်
  • ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)

  • နုပ်နုပ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆား အနည်းငယ်နှင့် သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားများကို ပန်းကန်လုံးထဲထည့်ပြီးနောက် ပဲငံပြာရည်၊ ဟင်းချက်ဝိုင်၊ ပြောင်းမှုန့်နှင့် သကြားတို့ထည့်ကာ သမအောင် နယ်ထားပါ။

၂။ ချင်တွယ်ခွက်ထဲတွင်တော့ ကြော်ရန်အတွက် လိုအပ်သောဆော့စ်များကို သမအောင် ရောမွှေထားလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သားများထည့်ကာ ၃ မိနစ်ခန့်ကြော်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ နောက်ထပ် ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ကြက်သားများ ကျက်သွားပြီဆိုရင်တော့ ပန်းကန်ထဲ ပြောင်းထည့်လိုက်ပါ။

၄။ ထို့နောက် ဒယ်အိုးထဲသို့ မှို၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီနှင့် ကြက်သွန်နီတို့ထည့်ကာ ၂ မိနစ်ခန့် သမအောင် ကြော်ပါ။ ထို့နောက် ပဲလိပ်ပြာများထည့်ကာ နောက်ထပ် တစ်မိနစ်ခန့် တည်ပါ။

၅။ နောက်တစ်ဆင့်အနေနဲ့ ကြက်သားကြော်များကို အိုးထဲ ပြန်ထည့်ပါ။ ထို့နောက် မျှစ်ထည့်ကာ ကြော်ပါ။

၆။ ထို့နောက် ဒယ်အိုးထဲသို့ ကြော်ရန်အတွက် ဖျော်ထားသော ဆော့စ်များ လောင်းထည့်လိုက်ပါ။ ၁ မိနစ်၊ ၂ မိနစ်ခန့် သမအောင် ရောကြော်လိုက်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာ အရသာရှိတဲ့ မှို ကြက်သားရောကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Drivemehungry.com