ကန်စွန်းရွက်ကြော်ကို မှိုနဲ့ ရောကြော်လေ့ ရှိကြသလိုပဲ မုန်ညှင်းရွက်နဲ့ ဘယ်လိုကြော်စားမလဲဆိုတာကို ဒီဆောင်းပါးလေးကနေတစ်ဆင့် ဖော်ပြပေးလိုက်ချင်ပါတယ်။
ပါဝင်ပစ္စည်းများ
• မုန်ညှင်းရွက် ၁ ပေါင်ခန့် (ရေစင်အောင် ဆေးထားပြီးနောက် အရွက်များကို အနေတော် ချွေထားပါ)
• မှို တစ်ပေါင်ခန့် (ပါးပါးလှီးထားပါ)
• ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
• သံလွင်ဆီ စားပွဲတင်ဇွန်း သုံးဇွန်း
• ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း
• ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
• ဆန်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
• ရေ စားပွဲတင်ဇွန်း နှစ်ဇွန်း
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဆန်မှုန့်နှင့် ရေတို့ကို ပန်းကန်လုံးတစ်လုံးထဲထည့်ပြီး သမအောင် ရောမွှေထားလိုက်ပါ။
၂။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်းတစ်ဇွန်း ထည့်လိုက်ပါ။ ထို့နောက် မှိုများ ထည့်ကြော်လိုက်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ ထည့်ပြီး မှိုများ အညိုဖျော့ရောင်ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်ထဲ ပြောင်းထည့်လိုက်ပါ။
၃။ ထိုဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း နှစ်ဇွန်းထပ်ထည့်ပါ ကြက်သွန်ဖြူ ထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်ပေးလိုက်ပါ။ မုန်ညှင်းရွက်များ ထည့်ပြီး ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။
၄။ စောစောက ကြော်ထားသော မှိုများကို မုန်ညှင်းနဲ့ အတူရောကြော်ပေးလိုက်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီး ကြော်ပေးလိုက်ပါ။
၅။ ထို့နောက် ဆန်မှုန့်နှင့် ရေအရောအနှောကို အိုးထဲသို့လောင်းထည့်ပြီး တစ်မိနစ်ခန့် တည်ထားလိုက်ပါ။
နောက်ဆုံးမှာတော့ အရသာရှိတဲ့ မှို မုန်ညှင်းရွက်ကြော် ဟင်းလျာတစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။
Source: Spicetheplate.com