(Unicode)
ကန်စွန်းရွက်ကြော်ကို မှိုနဲ့ ရောကြော်လေ့ ရှိကြသလိုပဲ မုန်ညှင်းရွက်နဲ့ ဘယ်လိုကြော်စားမလဲဆိုတာကို ဒီဆောင်းပါးလေးကနေတစ်ဆင့် ဖော်ပြပေးလိုက်ချင်ပါတယ်။
ပါဝင်ပစ္စည်းများ
• မုန်ညှင်းရွက် ၁ ပေါင်ခန့် (ရေစင်အောင် ဆေးထားပြီးနောက် အရွက်များကို အနေတော် ချွေထားပါ)
• မှို တစ်ပေါင်ခန့် (ပါးပါးလှီးထားပါ)
• ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
• သံလွင်ဆီ စားပွဲတင်ဇွန်း သုံးဇွန်း
• ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း
• ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
• ဆန်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
• ရေ စားပွဲတင်ဇွန်း နှစ်ဇွန်း
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဆန်မှုန့်နှင့် ရေတို့ကို ပန်းကန်လုံးတစ်လုံးထဲထည့်ပြီး သမအောင် ရောမွှေထားလိုက်ပါ။
၂။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်းတစ်ဇွန်း ထည့်လိုက်ပါ။ ထို့နောက် မှိုများ ထည့်ကြော်လိုက်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ ထည့်ပြီး မှိုများ အညိုဖျော့ရောင်ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်ထဲ ပြောင်းထည့်လိုက်ပါ။
၃။ ထိုဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း နှစ်ဇွန်းထပ်ထည့်ပါ ကြက်သွန်ဖြူ ထည့်ပြီး အနံ့မွှေးလာသည်အထိ ဆီသတ်ပေးလိုက်ပါ။ မုန်ညှင်းရွက်များ ထည့်ပြီး ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။
၄။ စောစောက ကြော်ထားသော မှိုများကို မုန်ညှင်းနဲ့ အတူရောကြော်ပေးလိုက်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီး ကြော်ပေးလိုက်ပါ။
၅။ ထို့နောက် ဆန်မှုန့်နှင့် ရေအရောအနှောကို အိုးထဲသို့လောင်းထည့်ပြီး တစ်မိနစ်ခန့် တည်ထားလိုက်ပါ။
နောက်ဆုံးမှာတော့ အရသာရှိတဲ့ မှို မုန်ညှင်းရွက်ကြော် ဟင်းလျာတစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။
Source: Spicetheplate.com
(Zawgyi)
ကန္စြန္းရြက္ေၾကာ္ကို မႈိနဲ႔ ေရာေၾကာ္ေလ့ ရွိၾကသလိုပဲ မုန္ညွင္းရြက္နဲ႔ ဘယ္လိုေၾကာ္စားမလဲဆိုတာကို ဒီေဆာင္းပါးေလးကေနတစ္ဆင့္ ေဖာ္ျပေပးလိုက္ခ်င္ပါတယ္။
ပါဝင္ပစၥည္းမ်ား
- မုန္ညွင္းရြက္ ၁ ေပါင္ခန္႔ (ေရစင္ေအာင္ ေဆးထားၿပီးေနာက္ အရြက္မ်ားကို အေနေတာ္ ေခြ်ထားပါ)
- မႈိ တစ္ေပါင္ခန္႔ (ပါးပါးလွီးထားပါ)
- ၾကက္သြန္ျဖဴ ၂ ျမႊာ (ပါးပါးလွီးထားပါ)
- သံလြင္ဆီ စားပြဲတင္ဇြန္း သံုးဇြန္း
- ဆား လက္ဖက္ရည္ဇြန္း တစ္ဇြန္း
- ငရုတ္ေကာင္းမႈန္႔ လက္ဖက္ရည္ဇြန္း တစ္ဇြန္း
- ဆန္မႈန္႔ လက္ဖက္ရည္ဇြန္း တစ္ဇြန္း
- ေရ စားပြဲတင္ဇြန္း ႏွစ္ဇြန္း
ျပဳလုပ္နည္း အဆင့္ဆင့္
၁။ ဆန္မႈန္႔ႏွင့္ ေရတို႔ကို ပန္းကန္လံုးတစ္လံုးထဲထည့္ၿပီး သမေအာင္ ေရာေမႊထားလိုက္ပါ။
၂။ ဒယ္အိုးကို အပူေပးၿပီး ဆီ စားပြဲတင္ဇြန္းတစ္ဇြန္း ထည့္လိုက္ပါ။ ထို႔ေနာက္ မႈိမ်ား ထည့္ေၾကာ္လိုက္ပါ။ ဆားႏွင့္ ငရုတ္ေကာင္းမႈႏ္႔တို႔ ထည့္ၿပီး မႈိမ်ား အညိဳေဖ်ာ့ေရာင္ေျပာင္းသြားသည္အထိ ေၾကာ္ေပးလိုက္ပါ။ ထို႔ေနာက္ ပန္းကန္ထဲ ေျပာင္းထည့္လိုက္ပါ။
၃။ ထိုဒယ္အိုးထဲသို႔ ဆီ စားပြဲတင္ဇြန္း ႏွစ္ဇြန္းထပ္ထည့္ပါ ၾကက္သြန္ျဖဴ ထည့္ၿပီး အနံ႔ေမႊးလာသည္အထိ ဆီသတ္ေပးလိုက္ပါ။ မုန္ညွင္းရြက္မ်ား ထည့္ၿပီး ၂ မိနစ္ခန္႔ ေၾကာ္ေပးလိုက္ပါ။
၄။ ေစာေစာက ေၾကာ္ထားေသာ မႈိမ်ားကို မုန္ညွင္းနဲ႔ အတူေရာေၾကာ္ေပးလိုက္ပါ။ ဆားႏွင့္ ငရုတ္ေကာင္းမႈန္႔ လက္ဖက္ရည္ဇြန္းတစ္ဇြန္းထည့္ၿပီး ေၾကာ္ေပးလိုက္ပါ။
၅။ ထို႔ေနာက္ ဆန္မႈန္႔ႏွင့္ ေရအေရာအေႏွာကို အိုးထဲသို႔ေလာင္းထည့္ၿပီး တစ္မိနစ္ခန္႔ တည္ထားလိုက္ပါ။
ေနာက္ဆံုးမွာေတာ့ အရသာရွိတဲ့ မႈိ မုန္ညွင္းရြက္ေၾကာ္ ဟင္းလ်ာတစ္ခြက္ ရရွိသြားၿပီပဲျဖစ္ပါတယ္။
Source: Spicetheplate.com