အားလုံးပဲ မင်္ဂလာပါ။ ကြက်သားကို အချိုချက်လိုက်၊ အစပ်ချက်လိုက်၊ ဆီပြန်ဟင်းချက်လိုက်နဲ့ ရိုးအီနေလောက်ရောပေါ့နော်။ ဒါ့ကြောင့် မှို ကြက်သားအချိုကြော် ကြော်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံသား ၃ တုံး
  • ချိစ် ၄ အောင်စ (၁၂၀ ဂရမ်)
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဂျုံမှုန့် ၃၅ ဂရမ်
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံခန့်

  • အဖြူရောင်မှို ၁၄ အောင်စ (၄၀၀ ဂရမ်)
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံခန့်
  • ကြက်ပြုတ်ရည် ၁၂၀ မီလီလီတာ
  • ရှာလကာရည် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံခန့်
  • ဆန်မှုန့် လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

ကြက်ရင်အုံသားကို ထက်ခြမ်းခြမ်းလိုက်ပါ။ မှိုများကိုလည်း ရေဆေးပြီးနောက် ပါးပါးလှီးထားပါ။ ချိစ်ကိုလည်း အချောင်းလိုက်ဖြစ်သွားအောင် ခြစ်ချထားပါ။

ထို့နောက် ပန်းကန်ပြားတစ်ခုထဲမှာ ဂျုံမှုန့်၊ ဆားနဲ့ ငရုတ်ကောင်းမှုန့်တို့ကို ရောနယ်ထားပြီး ကြက်သားများကို ထိုအမှုန့်များနဲ့ ကပ်ပေးလိုက်ပါ။ ပြီးတဲ့အခါ ဒယ်အိုးအကြီးတစ်လုံးထဲမှာ ဆီထည့်ပြီး ကြက်သားများကို တစ်ခြမ်း ၅ မိနစ်စီ ကြော်ပေးလိုက်ပါ။

ကြော်ပြီးသား ကြက်သားများကို သပ်သပ်ဖယ်ထားပြီး မှိုထပ်ကြော်ရပါမယ်။ ဒယ်အိုးထဲသို့ မှိုအရင်ထည့်ပါ။ ထို့နောက် ဆားအနည်းငယ်၊ ကြက်ပြုတ်ရည်၊ ရှာလကာရည်တို့ထည့်ပြီး ၇ မိနစ်ခန့် ချက်ပေးလိုက်ပါ။  ထို့နောက် ဆန်မှုန့်ထည့်ပြီး ၁ မိနစ်၊ ၂ မိနစ်ခန့် တည်ပေးလိုက်ပါ။ ဟင်းရည်ပျစ်သွားပြီဆိုမှ ပန်းကန်လုံးထဲ ပြောင်းထည့်လိုက်ပါ။

ထို့နောက် အလယ်အလတ်မီးအပူချိန်ဖွင့်ထားပြီး ကြက်သားကြော်များကို အိုးထဲထည့်ထားပါ။ ကြက်သားပေါ်မှာ မှိုများ အညီအမျှစီ တင်ထားလိုက်ပါ။ မှိုပေါ်မှာ ချိစ်များ ထပ်တင်ပေးလိုက်ပါ။

ငါးမိနစ်ခန့် ကြာတဲ့အခါမှာတော့ ချိစ်များအရည်ပျော်သွားပါလိမ့်မယ်။ ထိုအချိန်မှ ဒယ်အိုးပေါ်က ချလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ မှို ကြက်သားအချိုကြော် ဟင်းလျာတစ်ခွက်ရရှိသွားပါပြီ။

Source: Zoomyummy.com