အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အရသာရှိတဲ့ မုန်လာဥနီ မှိုဟင်း ချက်ပြုတ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၄ မြွှာ (ပါးပါးလှီးထားပါ)
  • မှို ၁၀ အောင်စ (ပါးပါးလှီးထားပါ)
  • ဝိုင်နီ စားပွဲတင်ဇွန်း ၄ ဇွန်း

  • ခရမ်းချဉ်သီးအနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်နီအမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • မုန်လာဥနီ ၂ လုံး (လေးထောင့်အတုံးငယ် တုံးထားပါ)

  • တရုတ်နံနံ (လေးထောင့်အတုံးငယ် တုံးထားပါ)
  • ဟင်းရွက်ပြုတ်ရည် စားပွဲတင်ဇွန်း ၃၂ ဇွန်း
  • ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • နံနံပင် အနည်းငယ်
  • ဂျုံမှုန့် အရည် (ဂျုံမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းကို ရေ စားပွဲတင်ဇွန်း ၂ ဇွန်းဖြင့် သမအောင် ရောနှောထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီထည့်ပါ။ ဆီပူလာပါက မှို၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ထည့်ကာ အညိုရောင် ပြောင်းသွားသည်အထိ ချက်ပါ။

၂။ ဝိုင်နီထည့်ကာ ၁ မိနစ်၊ ၂ မိနစ်ခန့် မွှေပါ။

၃။ ဝိုင်များ ခမ်းသွားပါက ဆား၊ ကြက်သွန်နီအမှုန့်၊ ငရုတ်သီးမှုန့်နှင့် ခရမ်းချဉ်သီးတို့ထည့်ကာ နောက်ထပ် ၁ မိနစ်ခန့် မွှေကြော်ပါ။

၄။ နောက်တစ်ဆင့်အနေနဲ့ မုန်လာဥနီ၊ တရုတ်နံနံနှင့် ဟင်းရွက်ပြုတ်ရည်တို့ထည့်ကာ မီးအေးအေးဖြင့် အဖုံးအုပ်ထားပြီး မိနစ် ၃၀ ခန့် တည်ထားလိုက်ပါ။

၅။ သတ်မှတ်ချိန်ပြည့်ပါက ဂျုံမှုန့်အရည်များထည့်ပါ။ သမအောင် မွှေပြီးနောက် ထောပတ်ထည့်ပါ။ ဟင်းရည် အပျစ်အကျဲကို မိမိလိုအပ်သလို ချိန်ဆကာ အတိုးအလျော့ ပြုလုပ်နိုင်ပါတယ်။

၆။ မီးဖိုပေါ်က ချခါနီးမှာတော့ နံနံပင်အနည်းငယ် အုပ်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ မုန်လာဥနီ မှိုဟင်းလျာလေး ရရှိသွားပါပြီ။

ထမင်းနဲ့အတူတူ အရသာရှိရှိ သုံးဆောင်လိုက်ပါ။

Source: Cooktoria.com