ပါဝင်ပစ္စည်းများ
- ဖက်ဆွတ်မှို – ၃၀ကျပ်သားခန့်
- ကင်းပုံညွှန့် – ၁၀ညွှန့်ခန်
- ကြက်သွန်နီ – ၁ခြမ်း
- ကြက်သွန်ဖြူ – ၅တက်
- ငရုတ်သီးစိမ်း – ၅တောင့်
ပြင်ဆင်ပြုလုပ်နည်း
မှိုကို သဲ၊မြေကြီးပြောင်စင်အောင် ဆားပါတဲ့ရေလေးမှာထည့်စိမ်ပြီး သန့်စင်ဆေးကြောပါ။
ပြီးလျှင် ဆေးကြောထားသော မှိုကို ထက်ခြမ်းခွဲလေးများအဖြစ် မွထားပါ။
ကင်းပုံညွှန့် ကိုနုတဲ့အပိုင်းလေးတွေချွေပါ။
ဒယ်အိုးတစ်လုံးမှာ ပါးပါးလှီးထားတဲ့ ကြက်သွန်နီ၊ဖြူကို ဆီသတ်ပြီး အနည်းငယ်မွှေးလာတာနဲ့ မှိုတွေထည့်ကြော်ပါ။
ဆား၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည်၊ ခရုဆီတို့ဖြင့် အရသာသွင်းပါ။
ထက်ခြမ်းခွဲထားတဲ့ ငရုတ်သီးစိမ်းနဲ့ကင်းပုံညွှန့်လေးaတွထည့်ပေါင်းပြီး အရည်အနည်းငယ်ပျစ်သွားအောင် ကော်ရည်လေးဖျော်ထည့်ပါ။
ငရုတ်ကောင်းမှုန့် လေးဖြူးပြီးသုံးဆောင်ပါ။
Credit: ပာင်းချက်နည်းများ