အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဟင်းရည်ချက်နည်းလေးကို ဖော်ပြပေးချင်ပါတယ်နော်။ တစ်ခါတစ်လေကျတော့လည်း ဟင်းဘယ်လောက်ကောင်းကောင်း ဟင်းချိုလေးပါမှ စားလို့ကောင်းတဲ့အခါမျိုးလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် အခုဖော်ပြပေးမယ့် ဟင်းရည်လေးက ခံတွင်းအလွန်တွေ့မှာ အသေအချာပါပဲ။
ပါဝင်ပစ္စည်းများ
- ပဲပြား – ၁ တုံး (၈ စိတ်စိပ်ပါ)
- မုန်ညှင်းရွက်နု – အနည်းငယ်
- မုန်ညှင်းဖူး – အနည်းငယ်
- ပဲပုတ်ခြပ် – ၁ ခြပ် (ကင်၍ မှုန့်နေအောင် ထောင်းထားပါ)
- နံနံပင်အမြစ် – ၈ မြစ်
- ခရမ်းချဉ်သီး – ၂ လုံး (၈စိတ်စိပ်ပါ)
- ကြက်သွန်နီ – ၁ လုံး (၈စိတ်စိပ်ပါ)
- ငရုတ်သီးစိမ်း – ၂ တောင့် (ထုထားပါ)
- ဟင်းချိုမှုန့် – အနည်းငယ်
- ဆား – အနည်းငယ်
- ရေ – ၁ ပုလင်း (ပုလင်းကြီး)
ပြုလုပ်နည်း
အိုးထဲတွင် နံနံပင်အမြစ် ၊ ခရမ်းချဉ်သီး ၊ ကြက်သွန်နီ ၊ ဟင်းချိုမှုန့် ၊ ဆား နှင့် ရေအနည်းငယ် ထည့်တည်ပါ။
ရေဆူလျင် ပဲပြား ၊ မုန်ညှင်းရွက်နု ၊ မုန်ညှင်းဖူး တို့ကို ထည့်ပါ။
စားကာနီးတွင် ငရုပ်သီးစိမ်း ၊ ပဲပုတ်အမှုန့်ကို ခပ်ပါ။
အပေါ့အငံ မြည်း၍ အရသာရှိသော ရှမ်းဟင်းချို ပူပူလေးကို သုံးဆောင်လို့ ရပါပြီ။
MyFood Myanmar