အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ မုန်ညှင်းရွက်ကို ရှာလကာရည်ဆော့စ်ဖြင့် အရသာရှိအောင် ဘယ်လိုကြော်လှော်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မုန်ညှင်းရွက် ၁ ကီလီဂရမ်
  • မြေပဲဆီ စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ
  • ငရုတ်သီးအခြောက်တောင့် ၄ တောင့်
  • တစ်လက်မပတ်လည် ဂျင်းတုံး ၁ တုံး (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်ဖြူ ၁ မြွှာ (နုပ်နုပ်စဉ်းထားပါ)

  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ မုန်ညှင်းရွက်များကို ပါးပါးလှီးထားလိုက်ပါ။

၂။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို သမအောင် ရောမွှေထားလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ငရုတ်သီးတောင့်များထည့်ပါ။ ငရုတ်သီးက အညိုရောင်ပြောင်းသွားပါက ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်တို့ထည့်ကာ အနံ့မွှေးလာသည်အထိ တစ်မိနစ်ခန့် ဆီသတ်ပါ။

၄။ နောက်တစ်ဆင့်အနေနဲ့ ပါးပါးလှီးထားသော မုန်ညှင်းရွက်များထည့်ကာ မီးပြင်းပြင်းဖြင့် စက္ကန့် ၃၀ ခန့် ဇွန်းဖြင့် မမွှေသေးဘဲ အပူပေးပါ။ ပြီးမှ ၂ မိနစ်ခန့် မွှေကြော်ပေးရပါမယ်။

၅။ ထို့နောက် အဆင့် (၂) က ပြုလုပ်ထားသော ရှာလကာရည်တို့ကို ဒယ်အိုးထဲထည့်ကာ ကြော်ပေးလိုက်ပါ။ အရည်ခမ်းသွားချိန်လောက်ကျမှ မီးဖိုပေါ်က ချကာ ပန်းကန်ပြားထဲပြောင်းထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဟင်းရွက်ကြော်တစ်ခွက် ရရှိသွားပါပြီ။

Source : Omnivorescookbook.com