သခွားသီး၊ တရုတ်နံနံ နဲ့ ပန်းသီးတို့နဲ့ပြုလုပ်ထားတဲ့ ဖျော်ရည်ဖြစ်ပါတယ်။ ဒီဖျော်ရည်မှာ ကယ်လိုရီ အနည်းငယ်ပဲ ပါဝင်ပြီး ဗီတာမင်၊ သတ္တုဓာတ်နဲ့ Antioxidants ဓာတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။

အဆီဓာတ်တွေကို အူကနေစုပ်ယူမှုကိုလျော့နည်းစေပြီး ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပါတယ်။

ပါဝင်ပစ္စည်းများ

သခွားသီး ၁လုံးရဲ့ တစ်ဝက်

တရုတ်နံနံ ၃ ချောင်း

အစိမ်းရောင် ပန်းသီး ၁လုံး

ရေ ခွက်တစ်ဝက် (100 ml)

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေအားလုံးကို ပါးပါးလှီးပြီး ဖျော်စက်ထဲရေထည့်ပြီး ဖျော်ပါ။

သောက်သုံးနည်း

နေ့လည်ခင်းမှာ ဗိုက်ထဲမှာ အစာသိပ်မရှိခင်မှာ သောက်သုံးသင့်ပါတယ်။ တစ်ပတ်ကို ၂ ကြိမ်ကနေ ၃ ကြိမ်လောက် သောက်သုံးသင့်ပါတယ်။