အားလုံးပဲ မင်္ဂလာပါ။ နေ့ခင်းနေ့လည်ကျရင် သရေစာအနေနဲ့ ဘာစားရမလဲဆိုတာ အမြဲကိုစဉ်းစားရကြပ်ပါတယ်။ အိမ်အနီးအနားမှာ မုန့်ဆိုင်ရှိတယ်ဆိုရင် အခက်အခဲမရှိပေမယ့် ဆိုင်ရှားရင်တော့ ပြဿနာတက်ရပါတယ်။
ဒါကြောင့် လူမျိုးစုံကြိုက်ကြတဲ့ မုန့်ဖတ်သုပ်လေးကို အိမ်မှာပဲသုပ်စားကြရအောင်။
ပါဝင်ပစ္စည်းများ
ငါးသလောက်
ဆား
ဟင်းခတ်မှုန့်
ရှောက်ရည်
စပါးလင်
ဆီ
ငရုပ်သီးစိမ်း
မုန့်ဖတ်
ကြက်သွန်နီ
ပဲသီး
ငပိကင်
နံနံပင်
ဘဲဥ (သို့ ) ကြက်ဥပြုတ်
ပြင်ဆင်ပြုလုပ်နည်း
ငါးသလောက်ကို ဆား ၊ ဟင်းခတ်မှုန့် ၊ ရှောက်ရည် ၊ စပါးလင် ၊ ဆီအနည်းငယ် ၊ ရေတို့နဲ့ ငရုပ်သီးစိမ်း အတောင့်လိုက် ထည့်ပြီး ကျက်အောင် ပြုတ်ထားပါ။
ပြီးလျှင် မုန့်ဖတ်ကို ကြက်သွန်စိမ်း ၊ ပဲသီး ၊ ငပိကင် ၊ နံနံပင် ၊ ငါးပြုတ်ထားတဲ့ ငရုပ်သီးစိမ်းငါးပြုတ်ရည်နည်းနည်း ၊ ငါးသားဖတ်ခြွေထည့်ပြီး နယ်သုပ်ပြီး စားလို့ရပါပြီ။
Credit: Khin Aye Hla