ခေါက်ဆွဲပြုတ်နည်းကို လူတော်တော်များ သိပြီးသားဖြစ်မှာပါ။ ဒါက အတော်လေးရိုးရှင်းပါတယ်။ ဂျုံမှုန့်၊ ကြက်ဥ၊ ရေတို့နဲ့ ဘာမှမပါဘဲ ရိုးရိုးရှင်းရှင်းပြုလုပ်နိုင်တဲ့ ချက်ပြုတ်ခြင်းအနုပညာတစ်ခုလည်း ဖြစ်ပါတယ်။ သေချာပေါက်ရေထည့်ပြီး ခေါက်ဆွဲ ပစ်ထည့်လို့ရပေမယ့် သင်ထည့်တဲ့ ဆားပမာဏပေါ်မူတည်ပြီး အိမ်မှာချက်တဲ့ ခေါက်ဆွဲကို စားသောက်ဆိုင်အရသာဖြစ်အောင် သေချာပေါက် ပြောင်းလဲနိုင်ပါတယ်။

၁.အိုးရွေးပါ

အိုးအကြီး၊ အိုးအသေး စသဖြင့် သင့်မှာရှိတဲ့အိုးနဲ့ ချက်ပြုတ်နိုင်ပါတယ်။ စားဖိုမှူးတွေကတော့ ခေါက်ဆွဲပြုတ်မယ်ဆို ဇောက်နက်တဲ့အိုးကို ရွေးလေ့ရှိပါတယ်။ spaghetti လို ရှည်လျားပြီး ပါးလွှာတဲ့ ခြောက်ဆွဲခြောက်တွေကို ရေမြုပ်နိုင်စေလို့ပါ။ ဒါပေမယ့် ရေများလေ ထည့်ရမယ့်ဆား ပိုများလေ ဆိုတာ သတိထားသင့်ပါတယ်။

၂.ရေထဲဆားထည့်ပါ

ပွက်ပွက်ဆူနေတဲ့ ရေထဲကို ဆားထည့်ပေးပါ။ ရေကိုအမြဲဆူအောင် တည်ထားပါ

၃.ခေါက်ဆွဲထည့်တဲ့အခါ ရေကိုမွှေပေးပါ

ပွက်ပွက်ဆူနေတဲ့ရေထဲကို ခေါက်ဆွဲထည့်တဲ့အခါ ရေကိုမွှေရင်းထည့်ပေးပါ။ မမွှေရင် အိုးရဲ့ဘေးနှစ်ဘက်မှာ ကပ်သွားမှာဆိုးလို့ပါ။

၄.ခေါက်ဆွဲကို စမ်းကြည့်ပေးပါ

ခေါက်ဆွဲခြောက်အမျိုးအစားပေါ်မူတည်ပြီး ၈ မိနစ်ကနေ ၁၀ မိနစ်အတွင်းပြုတ်ပေးပါ။ ပြုတ်တဲ့အခါ ခေါက်ဆွဲအမျိုးအစားမတူနိုင်တာကြောင့် ၄ မိနစ်လောက်ဆို ခေါက်ဆွဲကို စမ်းကြည့်ပေးပါ။ လက်ဆတ်တဲ့ခေါက်ဆွဲဆိုရင်တော့ ပြုတ်ချိန် ၂ မိနစ် ၃ မိနစ်လောက်ဆို လုံလောက်ပါတယ်။ သင်လိုချင်တဲ့ ခေါက်ဆွဲအနေအထား ရပြီဆိုရင်တော့ လိုအပ်တဲ့အဆာပလာများထည့်ပြီး Pasta ကိုအရသာရှိရှိ စားသုံးနိုင်ပါပြီ။