Ramen ခေါက်ဆွဲလည်း စားချင်တယ်။ ခေါက်ဆွဲပြုတ်လည်း မစားချင်ဘူးဆိုရင်တော့ ဒီနည်းလေးကို စမ်းကြည့်သင့်ပါတယ်။ ပါဝင်ပစ္စည်းတွေ အများအပြားမလိုအပ်ဘဲ ကြက်သား သို့မဟုတ် အမဲသားနဲ့ အသင့်စားခေါက်ဆွဲခြောက် ကို သုံးပြီး ပုံစံတစ်မျိုး ပြောင်းချက်စားလို့ရပါသေးတယ်။

ပါဝင်ပစ္စည်းများ

  • ခေါက်ဆွဲခြောက်ထုပ် 2 ထုပ်
  • အရိုးပြုတ်ရည် ⅓ ခွက်
  • ခရုဆီ ¼ ခွက်
  • Rice Wine Vinegar ၁ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သား သို့ အမဲသား ၁ ပေါင်
  • ကြက်သွန်နီ ၁ လုံး ပါးပါးလှီးထားပါ။
  • ကြက်သွန်ဖြူ ၃မွှာ နုတ်နုတ်စင်းထားပါ။
  • လတ်လတ်ဆတ်ဆတ်ခြစ်ထားသော ဂျင်း 1 ဇွန်း
  • ကြက်သွန်မြိတ် ကို ပါးပါးလှီးထားပါ။
  • နှမ်းဆေ့ ½ ဇွန်း

ချက်ပြုတ်နည်းအဆင့်ဆင့်

ပွက်ပွက်ဆူနေတဲ့ အိုးကြီးတစ်လုံးထဲမှာ ခေါက်ဆွဲကို ၃-၄ မိနစ်ခန့် နူးညံ့တဲ့အထိ ပြုတ်ပေးပါ။ နူးသွားရင် ရေအေးနဲ့ဆေးပြီး စစ်ထားပါ။

ဇလုံတစ်ခုထဲမှာ အသား၊ ခရုဆီ၊ Rice Wine Vinegar နဲ့ Sriracha Sauce တို့ကို ရောမွှေလိုက်ပါ။

ဒယ်အိုးကြီးတစ်လုံးထဲမှာ နှမ်းဆီကို အပူအလယ်အလတ်နဲ့ အပူပေးပါ။ အသားနဲ့ ကြက်သွန်နီတို့ကို ထည့်ပြီး ၃-၅ မိနစ်ခန့် ညိုလာတဲ့အထိ ချက်ပါ။ အသားတွေ ညက်နေအောင် မွှေပေးပြီးရင် ပိုနေတဲ့အဆီတွေကိုထုတ်ထားလိုက်ပါ။

ကြက်သွန်ဖြူနဲ့ ဂျင်းကို မွှေးလာသည်အထိ ၁ မိနစ်ခန့် မွှေပါ။ ပြီးရင်အသားနဲ့ခေါက်ဆွဲ ထည့်မွှေလိုက်ပါ။ အရသာကြိုက်သလိုပြင်ပြီးရင် ကြက်သွန်မြိတ် နှမ်းလေးဖြူးပြီး စားသုံးနိုင်ပါပြီ။