အားလုံးပဲ မင်္ဂလာပါ။ နေ့ခင်းနေ့လည်ကျရင် သရေစာအနေနဲ့ ဘာစားရမလဲဆိုတာ အမြဲကိုစဉ်းစားရကြပ်ပါတယ်။ အိမ်အနီးအနားမှာ မုန့်ဆိုင်ရှိတယ်ဆိုရင် အခက်အခဲမရှိပေမယ့် ဆိုင်ရှားရင်တော့ ပြဿနာတက်ရပါတယ်။

ဒါကြောင့် လူမျိုးစုံကြိုက်ကြတဲ့ မုန့်ဖတ်သုပ်လေးကို အိမ်မှာပဲသုပ်စားကြရအောင်။

ပါဝင်ပစ္စည်းများ

ငါးသလောက်

ဆား

ဟင်းခတ်မှုန့်

ရှောက်ရည်

စပါးလင်

ဆီ

ငရုပ်သီးစိမ်း

မုန့်ဖတ်

ကြက်သွန်နီ

ပဲသီး

ငပိကင်

နံနံပင်

ဘဲဥ (သို့ ) ကြက်ဥပြုတ်

ပြင်ဆင်ပြုလုပ်နည်း

ငါးသလောက်ကို ဆား ၊ ဟင်းခတ်မှုန့် ၊ ရှောက်ရည် ၊ စပါးလင် ၊ ဆီအနည်းငယ် ၊ ရေတို့နဲ့ ငရုပ်သီးစိမ်း အတောင့်လိုက် ထည့်ပြီး ကျက်အောင် ပြုတ်ထားပါ။

ပြီးလျှင် မုန့်ဖတ်ကို ကြက်သွန်စိမ်း ၊ ပဲသီး ၊ ငပိကင် ၊ နံနံပင် ၊ ငါးပြုတ်ထားတဲ့ ငရုပ်သီးစိမ်းငါးပြုတ်ရည်နည်းနည်း ၊ ငါးသားဖတ်ခြွေထည့်ပြီး နယ်သုပ်ပြီး စားလို့ရပါပြီ။

Credit: Khin Aye Hla