အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ရွှေဖရုံသီး ပုစွန်အစပ်ချက်ဟင်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • အုန်းနို့ ၃၆၀ မီလီလီတာ (စားပွဲတင်ဇွန်း ၂၄ ဇွန်း)
  • ရွှေဖရုံသီး ၂ ပေါင်ခွဲ (အခွံခွာပြီး အတုံးသေး တုံးထားပါ)
  • ပုစွန် ၈ အောင်စ (အခွံခွာပြီး သန့်ရှင်းအောင် ဆေးကြောထားပါ)
  • ဆား အနည်းငယ်နှင့် သံပုယိုရည် စားပွဲတင်ဇွန်း ၃ ဇွန်း

  • ငရုတ်သီးအနီ ၅ တောင့် (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • စပါးလင် ၁ ပင် (အကွင်းလိုက် ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)နှင့် ဂျင်း အတုံးသေး ၁ တုံး
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၃ ပုံ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အစားအစာကြိတ်စက် (သို့) သစ်သီးဖျော်စက်ထဲတွင် ငရုတ်သီး၊ ကြက်သွန်နီ၊ စပါးလင်၊ ကြက်သွန်နီ၊ ဂျင်း၊ နနွင်းမှုန့်တို့ထည့်ကာ အနှစ်များရအောင် မွှေလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဟင်းရွက်ဆီထည့်ပါ။ ဆီပူလာပါက စောစောက ငရုတ်နှစ်များထည်ကာ ၅ မိနစ်ခန့် မွှေပါ။

၃။ အုန်းနို့များထည့်ကာ ဆူလာသည်အထိ တည်ထားပါ။ ထို့နောက် ဆားထည့်ကာ မီးအပူချိန်လျော့ပြီး နောက်ထပ် ၁၀ မိနစ်ခန့် ဆက်တည်ပါ။

၄။ ရွှေဖရုံသီးအတုံးများထည့်ကာ နောက်ထပ် ၅ မိနစ်ခန့် တည်ထားပါ။

၅။ ရွှေဖရုံသီးက နူးအိသွားပြီဆိုရင်တော့ ပုစွန်များထည့်ကာ နောက်ထပ် ၃ မိနစ်ခန့် မွှေပေးလိုက်ပါ။

၆။ ထို့နောက် သံပုယိုရည်ထည့်ကာ နောက်ဆုံးတစ်ကြိမ် မွှေပြီးတဲ့နောက်မှာ မီးပိတ်လိုက်ပါ။ ဒါပေမဲ့ မီးဖိုပေါ်မှာ ၁၅ မိနစ်ခန့် တည်ထားပေးလိုက်ပါ။ ဒါမှ လက်ကျန်မီးအပူချိန်လေးနဲ့ တည်ထားရင် ပိုစားကောင်းပါတယ်။ (ဒီနေရာမှာ သံပုယိုရည် အသုံးမပြုချင်ဘူးဆိုရင်တော့ ပျဉ်းတော်သိမ်အရွက်များ အစားထိုးထည့်နိုင်ပါတယ်)

ဒါဆိုရင်တော့ ရှူးရှူးရှဲရှဲနဲ့ စားလို့ကောင်းတဲ့ ရွှေဖရုံသီး ပုဇွန်ဟင်းလျာတစ်ခွက် ရရှိသွားပါပြီ။

Source: Rotinrice.com