အားလုံးပဲ မင်္ဂလာပါ။ ရုံးပတီသီးနဲ့ ကြက်သွန်နီ တစ်ခြမ်းတို့ ရှိရုံနဲ့တင် အရသာရှိတဲ့ ဟင်းရွက်ကြော် တစ်ပွဲ ပြင်ဆင်ချက်ပြုတ်နိုင်တယ်ဆိုတာကို ယုံကြရဲ့လား။ လက်တွေ့စမ်းသပ်ပြီးမှ ယုံနိုင်မယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ပြုလုပ်နည်းအဆင့်ဆင့်တို့ကို အိမ်မှာစမ်းပြီး ကြော်စားကြည့်လိုက်ရအောင်နော်။

ပါဝင်ပစ္စည်းများ

  • ရုံးပတီသီး တစ်ပေါင်ခန့်
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • မဆလာ နှင့် ဆား အနည်းငယ်
  • ထောပတ် စားပွဲတင်ဇွန်း တစ်ဇွန်း
  • ကြက်သွန်နီ တစ်ခြမ်း
  • မန်ကျည်းသီးအမှုန့် လက်ဖက်ရည်ဇွန်း လေးပုံသုံးပုံခန့်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ရုံးပတီသီးများကို ရေစင်အောင် ဆေးကြောလိုက်ပါ။

၂။ ရေဆေးထားသော ရုံးပတီသီးများကို ခြောက်သွေ့သွားဖို့ရန်အတွက် အဝတ်စသန့်သန့်ဖြင့် သုတ်လိုက်ပါ။

၃။ ထို့နောက် ရုံးပတီသီးများကို တစ်စင်တီမီတာခန့် အတုံးသေးသေးလေး တုံးလိုက်ပါ။ ရုံးပတီသီးရဲ့ အစွန်းနှစ်ဖက်ကိုတော့ လွှင့်ပစ်လိုက်ရပါမယ်။

၄။ ကြက်သွန်နီကိုလည်း ရှည်မြောမြောပုံသဏ္ဍာန် ပါးပါးလှီးဖြတ်ထားရပါမယ်။

၅။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီထည့်ကာ ရုံးပတီသီးများကို ၁၀ မိနစ်ခန့် ထည့်ကြော်ပေးရပါမယ်။

၆။ ကြက်သွန်နီနှင့် ထောပတ်တို့ထည့်ပြီး ထပ်ကြော်ပေးလိုက်ပါ။

၇။ နနွင်းမှုန့်၊ ဆားနှင့် ငရုတ်သီးမှုန့်တို့ ထပ်ထည့်ပြီး ထပ်ကြော်ပေးလိုက်ပါ။

၈။ ၅ မိနစ်ခန့် သမအောင် မွှေကြော်ပေးပြီးနောက် မန်ကျည်းသီးအမှုန့် ထည့်ကာ သုံးမိနစ်ခန့် ထပ်ကြော်ပေးရပါမယ်။

ဒါဆိုရင်တော့ အနံ့အရသာနဲ့ အားလုံးပြီးပြည့်စုံတဲ့ ရုံးပတီသီး ကြက်သွန်အစပ်ကြော် ဟင်းလျာတစ်ပွဲ ရရှိသွားပြီပဲဖြစ်ပါတယ်။

Source: Kitchenbowl.com