အားလုံးပဲ မင်္ဂလာပါ။ အချိန်မရလို့ ဟင်းပွဲများများစားစား မပြင်ဆင်နိုင်ဘူးဆိုပြီး စိတ်မညစ်လိုက်ပါနဲ့။ ၅ မိနစ်လောက် အချိန်ပေးလိုက်ရုံနဲ့တင် အရသာရှိတဲ့ ရုံးပတီသီးသုပ် အရံဟင်းပွဲလေး ပြင်ဆင်ကြည့်လိုက်ပါ။

ပါဝင်ပစ္စ္စည်းများ

• ရုံးပတီသီး ၁၀ တောင့်
• ဆား အနည်းငယ်နှင့် နှမ်းဆီ လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
• ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
• ငရုတ်သီးတောင့် ၃ တောင့် (ပါးပါးလှီးထားပါ)
• ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ ဇွန်း

• ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
• ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
• သကြား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
• နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ရုံးပတီသီးရဲ့ မာကြောတဲ့ ခေါင်းပိုင်းကို လှီးဖြတ်ထားလိုက်ပါ။

၂။ ဒယ်အိုးထဲ ရေထည့်ပြီးနောက် ဆားအနည်းငယ်နှင့် နှမ်းဆီ လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံတို့ထည့်ထားပါ။ ရေနွေးက ပွက်ပွက်ဆူလာပါက ရုံးပတီသီးများထည့်ပြီး ၁ မိနစ်ခန့် ပြုတ်ပေးလိုက်ပါ။

၃။ ၁ မိနစ်ပြည့်ပါက ရုံးပတီသီးများကို ရေအေးထဲထည့်ပြီး အအေးခံထားလိုက်ပါ။

၄။ ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်သွန်ဖြူ၊ ငရုတ်သီး၊ ကြက်သွန်မြိတ်၊ ပဲငံပြာရည်၊ ရှာလကာရည်၊ ဆားအနည်းငယ်၊ သကြားနှင့် နှမ်းဆီတို့ထည့်ပြီး သမအောင် ရောမွှေထားလိုက်ပါ။ ရရှိလာတဲ့ ဆော့စ်ကို ၄ ပုံ ၁ ပုံခန့် ဖယ်ထားလိုက်ပါ။

၅။ ရုံးပတီသီးများ အေးသွားပါက ပန်းကန်လုံးထဲပြောင်းထည့်လိုက်ပါ။ ထို့နောက် ဆော့စ် ၄ ပုံ ၃ ပုံခန့်ကို ရုံးပတီသီးပေါ်သို့ လောင်းထည့်လိုက်ပြီးနောက် သမအောင် နယ်ပေးလိုက်ပါ။ စောစောက ချန်ထားတဲ့ ဆော့စ်အနည်းငယ်ကိုတော့ အချဉ်ရည်အနေနဲ့ တို့စားပေးနိုင်ပါတယ်။

ဒါဆိုရင်တော့ အလွယ်တကူလုပ်စားနိုင်ပြီး အရသာရှိတဲ့ ရုံးပတီသီးသုပ်လေးကို အရံဟင်းအဖြစ်နဲ့ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါပြီ။

Source: Chinasichuanfood.com