အားလုံးပဲ မင်္ဂလာပါ။ အမဲသားရဲ့ပရိုတင်းဓာတ်၊ မုန်လာဥနီနဲ့ အာလူးရဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်များ စုံလင်စွာ ပါဝင်တဲ့ သီးစုံအမဲသားဟင်းလေး ချက်စားကြည့်ရအောင်။

ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် ၉၆ ဂရမ်
  • ငရုတ်သီး အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွနှင့် ကြက်သွန်ဖြူ အမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း နှစ်ဇွန်း
  • ကြက်သွန်နီ တစ်ဥ (အတုံးခပ်သေးသေးတုံးထားပါ) နှင့် ကြက်သွန်ဖြူ တစ်မြွှာ (ပါးပါးလှီးထားပါ)
  • အမဲပြုတ်ရည် ၅၀၀ မီလီလီတာ

  • အမဲသား ၂ ပေါင် (အတုံးခပ်သေးသေး တုံးထားပါ)
  • မုန်လာဥနီ ၆ လုံးနှင့် အာလူး ၆ လုံး (လက်မဝက်အရွယ်အစား လှီးဖြတ်ထားပါ)
  • ရေအေး ၇၉ မီလီလီတာ
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ သံပုယိုရည် စားပွဲတင်ဇွန်း တစ်ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်းတစ်ဇွန်းနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။  ဂျုံမှုန့်၊ ငရုတ်သီးမှုန့်၊ ကြက်သွန်ဖြူမှုန့်တို့ကို သမအောင် ရောမွှေလိုက်ပါ။ အမဲသားကို အလုံပိတ်အိတ်ထဲ ထည့်ထားပြီးနောက် စောစောကနယ်ထားသော အမှုန့်များကို အမဲသားအိတ်ထဲတွင် ထည့်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်လိုက်ပါ။ ဆီပူလာပါက အမဲသားတုံးများကို ထည့်ကြော်လိုက်ပါ။

၃။ အိုးတစ်လုံးထဲတွင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အမဲပြုတ်ရည်၊ ဆား၊ သံပုယိုရည်၊ သကြား၊ ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ငရုတ်ကောင်းမှုန့်၊ မုန်လာဥနီနှင့် အာလူးများထည့်ပြုတ်လိုက်ပါ။

အာလူးနှင့် မုန်လာဥနီများ နူးအိလာသည်အထိ ပြုတ်လိုက်ပါ။

၄။ အာလူးအိုး ဆူပွက်ခါနီး မိနစ် ၃၀ ခန့်အလိုမှ ဂျုံမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် ရေအနည်းငယ်တို့ကို ရောနှောကာ အနှစ်ဖြစ်အောင် ပြုလုပ်လိုက်ပါ။

၅။ ဂျုံအနှစ်များကို အာလူးအိုးထဲထည့်ပြီး မိနစ် ၂၀ ခန့် ပြုတ်ပေးရပါမယ်။ ဟင်းအနှစ်များ ပျစ်သွားပါက မီးပိတ်လိုက်လို့ရပါပြီ။

ထမင်းစားခါနီးကျမှ ပန်းကန်လုံးထဲထည့်ကာ ပူပူနွေးနွေးလေး ခူးခပ်စားသုံးနိုင်ပါပြီ။

Source: Thespruceeats.com