အားလုံးပဲ မင်္ဂလာပါ။ ငါးကင် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ အာလူး ပဲသီးအရောအနှော ဆော်လမွန်ငါးကင် ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆော်လမွန်ငါး ၂ ပေါင်
  • အာလူး အလုံးသေး ၁ ပေါင်
  • ပဲသီး (သို့) ပဲတောင့်ရှည် ၁ ပေါင်
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

  • အလှဆင်ရန် သံပုယိုသီးစိပ်များ
  • ပါးပါးလှီးထားသော နံနံပင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ ၃ မြွှာ (ဓားပြားရိုက်ထားပါ)
  • Dijon Mustard လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ (ရှာလကာရည် အစားထိုးအသုံးပြုနိုင်ပါတယ်)
  • သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး Oven ကို ၄၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ အာလူးများကို ပန်းကန်လုံးထဲ ထည့်ပြီးနောက် သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် သမအောင် နယ်ထားပါ။

၃။ ထို့နောက် အာလူးများကို လင်ဗန်းထဲ ထည့်ပြီးနောက် Oven ထဲတွင် ၁၂ မိနစ်ခန့် အပူပေးထားလိုက်ပါ။

၄။ ပဲသီးများကိုလည်း အာလူးပန်းကန်ထဲသို့ပင် ထည့်ထားပြီးနောက် သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် သမအောင် နယ်ထားပါ။

၅။ အခြားပန်းကန်လုံးအသေးတစ်လုံးထဲတွင်တော့ နံနံပင်၊ ကြက်သွန်ဖြူ၊ Dijon Mustard (သို့) ရှာလကာရည်၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ငရုတ်ကောင်းမှုန့် အနည်းငယ်၊ သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် သံပုယိုရည်တို့ကို သမအောင် ရောမွှေထားပါ။

၆။ သတ်မှတ်ချိန် ၁၂ မိနစ်ပြည့်ပါက အာလူးများကို Oven ထဲက ထုတ်လိုက်ပါ။ ဆော်လမွန်ငါးများကို လင်ဗန်းအလယ်တည့်တည့်တွင် တင်ထားလိုက်ပါ။ ထို့နောက် စောစောကဖျော်ထားသော ဆော့စ်များကို ဆော်လမွန်ငါးပေါ်တွင် ဆမ်းထည့်လိုက်ပါ။ ဆော်လမွန်ငါးဘေးနားတွင်တော့ ပဲသီးများ ထည့်ထားလိုက်ပါ။

၇။ ထို့နောက် ထိုလင်ဗန်းကို Oven ထဲတွင် ၁၂ မိနစ်မှ ၁၅ မိနစ်ခန့် အပူပေးထားလိုက်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ အရသာရှိတဲ့ အာလူး ပဲသီး ဆော်လမွန်ငါးကင် ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Tastesbetterfromscratch.com