အားလုံးပဲ မင်္ဂလာပါ။ ပုံမှန်ထမင်းလိပ်က စားရတာ အားမရဘူးဆိုတဲ့ Foodies လေးတွေအတွက် ဒီတစ်ခါမှာတော့ ပုံမှန်အရွယ်အစားထက် ပိုကြီးတဲ့ ကြက်သား ကြက်ဥထမင်းလိပ်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

Source: Vegkitchen.com

  • ရေညှိပြား ၂ ပြား
  • ဆန်လုံးညို ထမင်းပန်းကန်လုံး အသေး ၂ ခွက်စာ
  • ကြက်သား တစ်ပေါင်ခန့်
  • ဂေါ်ဖီထုပ်ခရမ်းရောင် တစ်လုံးရဲ့ လေးပုံပုံ တစ်ပုံခန့်
  • မုန်လာဥနီ အကြီး ၂ လုံး

  • ထောပတ်သီး တစ်လုံးနှင့် တစ်ခြမ်း
  • သခွားသီး ၁ လုံး
  • မကျက် တကျက်ပြုတ်ထားသော ကြက်ဥပြုတ် ၄ လုံး
  • နှမ်းစေ့အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

ဂေါ်ဖီထုပ်ကို ပါးပါးလှီးထားပါ။ မုန်လာဥနီနဲ့ သခွားသီးကိုလည်း အချောင်းလိုက်လှီးဖြတ်ထားပါ။ ထောပတ်သီးကိုလည်း အသားများကို ဇွန်းနဲ့ခပ်မထုပ်ဘဲ အလျားလိုက်လှီးဖြတ်ထားပါ။

မကျက်တကျက်ပြုတ်ထားသော ကြက်ဥများကို တစ်ဝက်စီခြမ်းထားပါ။ ကြက်သားကိုလည်း အတုံးခပ်သေးသေးတုံးထားပြီး ကြော်လိုက်ပါ။ ထို့နောက် ပန်းကန်ထဲသို့ ပြောင်းထည့်ထားပါ။

နောက်တစ်ဆင့်အနေနဲ့ ထမင်းလိပ်စတင်ပြုလုပ်ရပါတော့မယ်။ ထမင်းလိပ်ပြုလုပ်မယ့် အပြားပေါ် ရေညှိပြားတင်လိုက်ပါ။ ထို့နောက် ရေညှိပြားပေါ် ထမင်းများကို ဖိထည့်ပေးပါ။

ထမင်းများ အစီအရီထည့်ပြီးတဲ့နောက်မှာ ကြက်သားကြော်၊ ကြက်ဥ (အလုံးလိုက်ထည့်လည်း ရသလို တစ်ခြမ်းစီထည့်လည်းရပါတယ်)၊ သခွားသီး၊ မုန်လာဥနီ၊ ထောပတ်သီးနဲ့ ပန်းဂေါ်ဖီတို့ကို ပုံမှာပြထားသလို အစီအရီထည့်ထားပါ။ ထို့နောက် ပါဝင်ပစ္စည်းများ အပြင်သို့ မထွက်သွားစေရန်အတွက် ကျစ်ကျစ်လေးနဲ့ ဖြည်းဖြည်းလေးလိပ်ပေးလိုက်ပါ။

ထမင်းလိပ် လိပ်ပြီးသွားတဲ့အခါ အရွယ်အစားညီညီ လှီးဖြတ်လိုက်ပါ။ ထို့နောက် နှမ်းစေ့များ ဖြူးကာ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Kitchenbowl.com