အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ဟင်းလျာလေးကတော့ ပဲပြား အရွက်ကြော် ဟင်းလျာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲပြား ၄ တုံး (၂ စင်တီတာ ကုဗတုံးပုံသဏ္ဍာန် လှီးဖြတ်ထားပါ)
  • ပန်းဂေါ်ဖီစိမ်း တစ်ပွင့် (အနေတော် အတုံး လှီးဖြတ်ထားပါ)
  • မှို ၇၅ ဂရမ် (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)နှင့် ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
  • တစ်လက်မပတ်လည် ဂျင်းတုံးတစ်တုံး (ပါးပါးလှီးထားပါ)

  • မုန်လာဥနီ တစ်ဝက် (၂ စင်တီမီတာ ကုဗတုံးပုံ လှီးဖြတ်ထားပါ)
  • ခရုဆီ စားပွဲတင်ဇွန်း ၄ ဇွန်းနှင့် ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဖွန်း
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ၊ ဆားနှင့် ရေ အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဇလုံအကြီး တစ်လုံးထဲတွင် ပဲပြားအတုံးများ၊ ခရုဆီ စားပွဲတင်ဇွန်း ၄ ဇွန်း၊ ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ကို သမအောင် နယ်ဖတ်ထားပါ။ ထို့နောက် ၁၀ မိနစ်၊ မိနစ် ၂၀ ခန့် စိမ်ထားလိုက်ပါ။

၂။ အိုးတစ်လုံးကို အပူပေးပြီး ရေနွေးတည်ထားလိုက်ပါ။ ရေနွေးပွက်ပွက်ဆူလာပါက မုန်လာဥနီအတုံးများကို ၂ မိနစ်၊ ၃ မိနစ်ခန့် ထည့်ပြုတ်လိုက်ပါ။ အချိန်ပြည့်ပါက မုန်လာဥနီများကို ဆယ်ယူပြီး ရေအေးဖြင့် ထပ်ဆေးလိုက်ပါ။

ပန်းဂေါ်ဖီစိမ်းကိုလည်း ထိုအနည်းအတိုင်း ပြုတ်ပေးပြီး ရေအေးဖြင့် ရေဆေးပေးလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီနှင့် ဂျင်းတို့ကို ၁ မိနစ်ခန့် ဆီသတ်ပေးလိုက်ပါ။ ထို့နောက် ပဲပြားနှင့် မှိုတို့ထည့်ကာ ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၄။ နောက်တစ်ဆင့်အနေနဲ့ ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေ စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် သမအောင် ရောမွှေပြီးနောက် တို့ဖူးဒယ်အိုးထဲ လောင်းထည့်လိုက်ပါ။ ပြောင်းမှုန့်အရည်များ ပျစ်သွားသည်အထိ အဆက်မပြတ် မွှေပေးရပါမယ်။

၅။ ထို့နောက် မုန်လာဥနီနှင့် ပန်းဂေါ်ဖီစိမ်းတို့ကို တို့ဖူးထဲထည့်ပြီး သမအောင် ရောကြော်ပေးလိုက်ပါ။ ပြီးရင်တော့ ဆားထည့်ပြီး အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပဲပြား အရွက်ကြော် ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Asianfoodchannel.com