အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဟင်းသီးဟင်းရွက်ရဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်လည်း ရရှိအောင် အသားရဲ့ပရိုတင်းဓာတ်လည်း စားသုံးနိုင်ဖို့အတွက် ဝက်သားလိပ် ခရမ်းချဉ်သီးကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ချယ်ရီ ခရမ်းချဉ်သီး (သို့) ခရမ်းချဉ်သီး အလုံးသေး အလုံး ၂၀ ခန့်
  • ဝက်ဆားနယ်ခြောက် ၁၀ ပြားခန့် (တစ်ဝက်စီ လှီးဖြတ်ထားပါ)
  • သွားကြားထိုးတံ အချောင်း ၂၀ ခန့်
  • ပျားရည်အနည်းငယ်
  • ကြက်သွန်မြိတ် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ခရမ်းချဉ်သီးကို ရေဆေးပြီးနောက် တစ်သျှူးဖြင့် ခြောက်အောင် သုတ်ထားလိုက်ပါ။

ထို့နောက် ခရမ်းချဉ်သီးများကို ဝက်ဆားနယ်ခြောက်ဖြင့် ပတ်ထားပြီးနောက် သွားကြားထိုးတံဖြင့် ထိုးထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဝက်သားလိပ် ခရမ်းချဉ်သီးများကို ဒယ်အိုးထဲထည့်ကြော်လိုက်ပါ။ အိုးအဖုံးဖွင့်လျက်သားဖြင့် ၁၀ မိနစ်ခန့် ကြော်ပေးရပါမယ်။

၃။ ဝက်သားက အညိုရောင်ပြောင်းသွာားပြီး ကြွပ်သွားပြီဆိုရင်တော့ ပန်းကန်ပြားထဲပြောင်းထည့်ကာ ပျားရည်အနည်းငယ် ဆမ်းပေးလိုက်ပါ။ ပြီးရင်တော့ ကြက်သွန်မြိတ်အနည်းငယ် ဖြူးထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်သားလိပ် ခရမ်းချဉ်သီးကြော်လေး ရရှိသွားပါပြီ။

Source: Spicetheplate.com

(Zawgyi)

အားလံုးပဲ မဂၤလာပါ။ ဒီတစ္ခါမွာေတာ့ ဟင္းသီးဟင္းရြက္ရဲ႕ ဗီတာမင္နဲ႔ သတၲဳဓာတ္လည္း ရရွိေအာင္ အသားရဲ႕ပရိုတင္းဓာတ္လည္း စားသံုးႏိုင္ဖို႔အတြက္ ဝက္သားလိပ္ ခရမ္းခ်ဥ္သီးေၾကာ္ ျပဳလုပ္နည္းကို ေဝမွ်ေပးခ်င္ပါတယ္။

ပါဝင္ပစၥည္းမ်ား

  • ခ်ယ္ရီ ခရမ္းခ်ဥ္သီး (သို႔) ခရမ္းခ်ဥ္သီး အလံုးေသး အလံုး ၂၀ ခန္႔
  • ဝက္ဆားနယ္ေျခာက္ ၁၀ ျပားခန္႔ (တစ္ဝက္စီ လွီးျဖတ္ထားပါ)
  • သြားၾကားထိုးတံ အေခ်ာင္း ၂၀ ခန္႔
  • ပ်ားရည္အနည္းငယ္
  • ၾကက္သြန္ၿမိတ္ အနည္းငယ္

ျပဳလုပ္နည္း အဆင့္ဆင့္

၁။ ခရမ္းခ်ဥ္သီးကို ေရေဆးၿပီးေနာက္ တစ္သွ်ဴးျဖင့္ ေျခာက္ေအာင္ သုတ္ထားလိုက္ပါ။

ထို႔ေနာက္ ခရမ္းခ်ဥ္သီးမ်ားကို ဝက္ဆားနယ္ေျခာက္ျဖင့္ ပတ္ထားၿပီးေနာက္ သြားၾကားထိုးတံျဖင့္ ထိုးထားလိုက္ပါ။

၂။ ဒယ္အိုးကို အပူေပးၿပီး ဝက္သားလိပ္ ခရမ္းခ်ဥ္သီးမ်ားကို ဒယ္အိုးထဲထည့္ေၾကာ္လိုက္ပါ။ အိုးအဖံုးဖြင့္လ်က္သားျဖင့္ ၁၀ မိနစ္ခန္႔ ေၾကာ္ေပးရပါမယ္။

၃။ ဝက္သားက အညိဳေရာင္ေျပာင္းသြာားၿပီး ၾကြပ္သြားၿပီဆိုရင္ေတာ့ ပန္းကန္ျပားထဲေျပာင္းထည့္ကာ ပ်ားရည္အနည္းငယ္ ဆမ္းေပးလိုက္ပါ။ ၿပီးရင္ေတာ့ ၾကက္သြန္ၿမိတ္အနည္းငယ္ ျဖဴးထည့္ေပးလိုက္ပါ။

ဒါဆိုရင္ေတာ့ အရသာရွိတဲ့ ဝက္သားလိပ္ ခရမ္းခ်ဥ္သီးေၾကာ္ေလး ရရွိသြားပါၿပီ။

Source: Spicetheplate.com