အားလုံးပဲ မင်္ဂလာပါ။ ပြင်ဆင်ချက်ပြုတ်ရလွယ်ကူပြီး ဘယ်တော့မှ ရိုးမသွားတဲ့ဟင်းလျာတွေထဲမှာ ကြက်ဥကြော်ကလည်း တစ်ခုအပါအဝင်ပါပဲ။ ဒါ့ကြောင့် အလုပ်များတဲ့ အိမ်ရှင်မများအတွက် ချက်ပြုတ်ရလွယ်ကူပြီး အရသာရှိတဲ့ ခရမ်းချဉ်သီး ကြက်ဥမွှေကြော် ပြင်ဆင်နည်းကို ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၃ လုံး
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ငါးငံပြာရည် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကြက်သွန်မြိတ် ၃ ပင် (၂ လက်မအရှည် လှီးဖြတ်ထားပါ)

  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ခရမ်းချဉ်သီး ၂ လုံး (အနေတော်အတုံး လှီးဖြတ်ထားပါ)
  • ကြော်ရန် ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံး ၁ လုံးထဲတွင် ကြက်ဥများကို ဆား၊ ငရုတ်ကောင်းမှုန့် ငါးငံပြာရည်တို့ဖြင့် မွှေခလောက်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီထည့်ကာ စက္ကန့် ၄၀ ခန့် ဆီသတ်ပါ။

၃။ ထို့နောက် ခရမ်းချဉ်သီးထည့်ကာ တစ်မိနစ်ခန့် သမအောင် မွှေကြော်ပါ။

၄။ ခရမ်းချဉ်သီးများ နူးသွားပြီဆိုရင်တော့ ကြက်သွန်မြိတ်များထည့်ကာ ရောကြော်ပါ။ ထို့နောက် ကြက်ဥများထည့်ကာ ၁၅ စက္ကန့်ခန့် ကြော်ပေးလိုက်ပါ။

၅။ ကြက်ဥအောက်ခြေက အညိုရောင် ပြောင်းသွားပါက အခြားတစ်ဖက်သို့လှန်ကာ မိနစ်အနည်းငယ်ကြာ ကြော်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိပြီး စားလို့ကောင်းတဲ့ ကြက်ဥ ခရမ်းချဉ်သီးမွှေကြော်လေး ရရှိသွားပါပြီ။

Source: Delightfulplate.com