အားလုံးပဲ မင်္ဂလာပါ။ သံပုယိုသီးရဲ့ အချဉ်ဓာတ်ကဲထားတဲ့ ကြက်သားကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ ထိုအချဉ်ဓာတ်ရဖို့ဆိုရင် သံပုယိုရည်နဲ့ ကြက်သားကို အနည်းဆုံး ၂ နာရီခန့်တော့ စိမ်ထားသင့်ပါတယ်။ တစ်ညလောက် စိမ်ထားမယ်ဆိုရင်တော့ အရသာပိုကောင်းပါတယ်။

ပါဝင်ပစ္စည်းများ

• ကြက်ပေါင် ၄ တုံး
• ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
• ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
• သံပုယိုသီး ၁ ခြမ်း
• ကြက်သွန်ဖြူ ၄ မြွှာ (ပါးပါးလှီးထားပါ)နှင့် ကြက်သွန်နီ တစ်ခြမ်း (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားတုံးကို ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ဖြင့် နယ်ဖတ်ပြီးနောက် အသားထဲစိမ့်ဝင်သွားဖို့ရန်အတွက် မိနစ် ၂၀ ခန့် ထားထားလိုက်ပါ။

၂။ မိနစ် ၂၀ ပြည့်ပါက ကြက်သားတုံးများကို လေလုံအိတ်ထဲထည့်လိုက်ပါ။ ကြက်သားပေါ်သို့ သံပုယိုသီး ညှစ်ထည့်လိုက်ပါ။ ထို့နောက် ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ ထပ်ထည့်ကာ ရေခဲသေတ္တာထဲတွင် ၂ နာရီခန့် ထည့်ထားလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ဆီပူလာပါက ကြက်သားတုံးများ ထည့်ကြော်လိုက်ပါ။ ကြက်သားတုံးများ ရွှေညိုရောင် ပြောင်းလာသည်အထိ ကြော်ပေးလိုက်ပါ။ စုစုပေါင်း ၆ မိနစ်၊ ၇ မိနစ်ခန့်တော့ ကြာပါလိမ့်မယ်။


ရရှိလာတဲ့ ကြက်ကြော်ကို ပန်းကန်ပြားထဲ ထည့်လိုက်ပါ။ ထို့နောက် ခရမ်းချဉ်သီး၊ သခွားသီး၊ သံပုယိုသီးတို့ဖြင့် အလှဆင်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Spicetheplate.com