အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ခရမ်းသီး ဝက်သားဟင်းလျာလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ခရမ်းသီး ၁ လုံး (အနေတော်အတုံး တုံးထားပါ)
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ထောပတ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဝက်သား၄၀၀ ဂရမ် (အနေတော်အတုံး တုံးထားပါ)
  • ရေ စားပွဲတင်ဇွန်း ၄ ဇွန်း

  • ခရမ်းချဉ်သီး ၂ လုံး (လေးထောင့်အတုံးငယ် တုံးထားပါ)
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ရှာလကာရည် (သို့) သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားအနည်းငယ်
  • နံနံပင် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ခရမ်းသီးကို ဆား အနည်းငယ်ဖြူးထားပြီးနောက် မိနစ်အနည်းငယ်ခန့် ထားထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပါ။ ကြက်သွန်နီ၊ ဆားအနည်းငယ် ထည့်ပြီး ၇ မိနစ်ခန့် ကြော်လိုက်ပါ။ ထို့နောက် ပန်းကန်လုံးထဲသို့ ပြောင်းထည့်ထားပါ။

၃။ ထို့နောက် ဆီနှင့် ထောပတ်အနည်းငယ် ထပ်ထည့်ပြီးနောက် ဝက်သားများထည့်ကာ ၄ မိနစ်ခန့် ကြော်ပါ။ (ဒယ်အိုး အရွယ်အစားသေးပါက နှစ်ခါခွဲကြော်ပေးရပါမယ်)

ရရှိလာတဲ့ ဝက်သားကြော်ကို ပန်းကန်ပြားထဲ ပြောင်းထည့်ထားပါ။

၄။ ထို့နောက် ဒယ်အိုးထဲသို့ ရေ စားပွဲတင်ဇွန်း ၄ ဇွန်းထည့်ပါ။ ဝက်သားကြော်စဉ်တုန်းက ကျန်ရှိနေသော အကပ်အသတ်များကို ခြစ်ယူပြီးနောက် ရရှိလာတဲ့ အရည်ကို ကြက်သွန်နီပန်းကန်လုံးထဲ လောင်းထည့်လိုက်ပါ။

၅။ တစ်ဖန် အိုးထဲသို့ ဆီနှင့် ထောပတ် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့် ထပ်ထည့်ပါ။ ခရမ်းသီးထည့်ပြီးနောက် သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် အဖုံးအုပ်ထားကာ ၃ မိနစ်ခန့် တည်ထားပါ။ သတ်မှတ်ချိန်ပြည့်ပါက အဖုံးပြန်ဖွင့်ပြီး ၂ မိနစ်၊ ၃ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၆။ နောက်တစ်ဆင့်အနေနဲ့ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ရေရောထားသော ကြက်သွန်နီ၊ ရှာလကာရည်တို့ထည့်ကာ သမအောင် မွှေပေါ။

၇။ ထို့နောက် ဝက်သားကြော်များ ပေါင်းထည့်ကာ အလယ်အလတ်မီးအပူချိန်ဖြင့် ၄ မိနစ်၊ ၅ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

ဆားထည့်ပြီး အရသာအပေါ့အငန် မြည်းကြည့်လိုက်ပါ။

မီးဖိုပေါ်က ချခါနီးကျမှ နံနံပင် ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ခရမ်းသီး ဝက်သားဟင်းလျာလေး ရရှိသွားပါပြီ။

Source: Irenamacri.com