ပါဝင်ပစ္စည်းများ
- ခရမ်းချဉ်သီး၊ ငြုပ်သီးစိမ်း
- ကြက်သွန်ဖြူ
- ဆား – အနည်းငယ်
- ငံပြာရည် – အနည်းငယ်
- ဟင်းချိုမှုန့်၊ နံနံပင်
ပြုလုပ်နည်း
- ခရမ်းချဉ်သီးကို အလုံးလိုက် ပြုတ်ပါ ။ ငြုပ်သီးစိမ်း နှင့် ကြက်သွန်ဖြူကို နှုတ်နှုတ်စင်းပါ ။
- ခရမ်းချဉ်သီး နူးလာလျှင် အခွံခွာထားပြီး အနှစ်ရအောင် ချေထားပါ ။
- ပန်းကန်ထဲကို ဆား အနည်းငယ် ၊ ငံပြာရည် အနည်းငယ် (ယိုးဒယားကင်းမွန် ဆိုပိုကောင်းပါတယ်) ထည့်ပါ ။ ဟင်းချိုမှုန့် ကြိုက်လျှင် အနည်းငယ်ထည့်ပါ ။ ပြီးနောက် ခရမ်းချဉ်သီး အနှစ် ထပ်ထည့်ပါ ။
- အားလုံးကို မွှေပြီး အရသာ လိုသလို ထည့်ပါ ။ စားခါနီးမှ နံနံပင်လှီးထည့်ပါ ။
- ချဉ်ငံစပ် ကြိုက်လျှင် ကိုင်းသီးနဲ့ဖျော်ပါ ။
Credit: Myint Myint Aye