အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အရံဟင်းအနေနဲ့ ချက်ပြုတ်စားသောက်နိုင်တဲ့ ထောပတ်အရသာ မှိုကြော်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မှိုဖြူ ဝ.၅ ပေါင်
  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)
  • နံနံပင် လက်တစ်ဆုပ်စာခန့်
  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

  • ဆားအနည်းငယ်
  • ကြက်ပြုတ်ရည် (သို့) ရေ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ မှိုကို သန့်စင်အောင် ဆေးကြောပြီးနောက် အဖျားပိုင်းကို လှီးထုတ်ထားပါ။ ထို့နောက် ခြောက်အောင် အခြောက်ခံထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ထောပတ်ကို အရည်ဖျော်လိုက်ပါ။ သံလွင်ဆီထည့်ပါ။ ဆီပူလာါက ကြက်သွန်ဖြူထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပေးလိုက်ပါ။

၃။ ထို့နောက် မှိုထည့်ကာ ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၄။ ဆားအနည်းငယ်ထည်ပါ။ ကြက်ပြုတ်ရည် (သို့) ရေထည့်ပြီး အဖုံးပိတ်ထားကာ ၄ မိနစ်၊ ၅ မိနစ်ခန့် တည်ထားပါ။ မကြာခဏ မွှေပေးဖို့လည်း လိုအပ်ပါတယ်။

၅။ အချိန်ပြည့်သွားတဲ့အခါမှာတော့ မီးဖိုပေါ်ကချကာ ပန်းကန်ပြားထဲ ပြောင်းထည့်ထားလိုက်ပါ။ တကယ်လို့ သင့်အနေနဲ့ နံနံပင်ကြိုက်ပါက စားခါနီးကျမှ နံနံပင်လေး ဖြူးထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ထောပတ်အရသာ မှိုကြော်လေး ရရှိသွားပါပြီ။ ထမင်းနဲ့အတူတူ အရသာရှိရှိစားသုံးနိုင်ပါပြီ။

Source: Spicetheplate.com