အားလုံးပဲ မင်္ဂလာပါ။ အိုမီဂါသရီး ဖက်တိအက်ဆစ်တို့ ကြွယ်ဝစွာပါဝင်တဲ့ ဆော်လမွန်ငါးကို ခရမ်းချဉ်သီးအနှစ်လေးနဲ့ ရောကြော်ရင်း အရသာရှိ၊ အာဟာရပြည့်ဝတဲ့ ဆော်လမွန်ငါးအိုးကပ်ကြော် ကြော်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆော်လမွန်ငါး ၆ အောင်စ
  • ပါးပါးလှီးထားသော နံနံပင် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • • ခရမ်းချဉ်သီးအနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အလယ်အလတ်မီးအပူချိန်ဖြင့် အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ဆော်လမွန်ငါး ထည့်ပါ။

၂။ ဆော်လမွန်ငါး ကျက်သွားသည်အထိ ငါးရဲ့နှစ်ဖက်ခြမ်းစလုံးကို အပူပေးကာ ကြော်ရပါမယ်။

၃။ ငါး ကျက်သွားပြီဆိုရင်တော့ ငါးကြော်များကို ပန်းကန်ထဲသို့ ဆယ်ထည့်ထားပါ။ ထို့နောက် ဒယ်အိုးထဲသို့ ခရမ်းချဉ်သီးအနှစ် စားပွဲတင်ဇွန်း ၂ ဇွန်းခန့်ထည့်ကာ မွှေပါ။ မိမိကြိုက်နှစ်သက်ရာအခြားဟင်းခပ်အမွှေးအကြိုင်များလည်း ထည့်သုံးနိုင်ပါတယ်။

ထို့နောက် ငါးကြော်များကို ဒယ်အိုးထဲ ပြန်ထည့်ကြော်လိုက်ပါ။ မီးဖိုပေါ်ကချခါနီးမှာ နံနံပင်လေး အုပ်လိုက်ပါ။

ဒါဆိုရင်တော့ ခရမ်းချဉ်သီး ဆော်လမွန်ငါးအိုးကပ်ကြော် ဟင်းလျာလေး ရရှိသွားပါပြီ။

ထမင်း၊ ဟင်းသီးဟင်းရွက်တို့ဖြင့် အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Kirbiecravings.com