အားလုံးပဲ မင်္ဂလာပါ။ ကြက်သားကြော် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ လွယ်ကူရိုးရှင်းပြီး အရသာရှိတဲ့ ကြက်ကုန်းဘောင်ကြီးကြော် ချက်ပြုတ်ပြင်ဆင်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံသား ၁ ပေါင် (ပါးပါးလှီးထားပါ)
  • သခွားသီး ၁ လုံး (ထက်ဝက်ခြမ်းပြီးနောက် ခပ်ထူထူ လှီးဖြတ်ထားပါ)
  • ငရုတ်ပွအနီ တစ်ခြမ်း (တစ်လက်မအရှည် လှီးဖြတ်ထားပါ)
  • ငရုတ်သီးအနီအခြောက်‌တောင့် ၁၀ တောင့်
  • မြေပဲ စားပွဲတင်ဇွန်း ၄ ဇွန်း

  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ၊ ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် သကြားညို လက်ဖက်ရည်ဇွန်းတစ်ဝက်

ကုန်းဘောင်ကြီးကြော်ရန် လိုအပ်သောဆော့စ်

  • ကြက်ပြုတ်ရည် (သို့) ရေ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း၊ သကြားညို စားပွဲတင်ဇွန် ၁ ဇွန်းနှင့် ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ ၃ မြွှာနှင့် နုပ်နုပ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၄ ပုံ ၂ ပုံ

  • ငရုတ်ကောင်းမှုန့် တစ်ဝက်
  • ငရုတ်သီးမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ပါးပါးလှီးထားသော ကြက်သားများထည့်ပါ။ ထို့နောက် ပဲငံပြာရည်၊ ဟင်းချက်ဝိုင်၊ ပြောင်းမှုန့်၊ သကြားညိုတို့ဖြင့် သမအောင် နယ်ပါ။ ရေခဲသေတ္တာထဲတွင် မိနစ် ၃၀ မှ တစ်ညတာခန့်အထိ နှပ်ထားလိုက်ပါ။

၂။ ကုန်းဘောင်ကြီးကြော်ရန်အတွက် ဆော့စ်ဖော်စပ်ပေးရပါမယ်။ ဆော့စ်အတွက် လိုအပ်သောပါဝင်ပစ္စည်းများအားလုံးကို ပန်းကန်လုံးတစ်လုံးထဲထည့်ကာ သမအောင် မွှေပါ။

၃။ ဒယ်အိုးကို အပူပြင်းပြင်ပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သားတုံးများထည့်ကာ ၁ မိနစ်ခန့်ကြော်ပါ။ ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ ကြက်သားတုံးများ ရွှေညိုရောင်ပြောင်းလာသည်အထိ ကြော်ပေးရပါမယ်။

ပြီးရင်တော့ ပန်းကန်ပြားထဲ ပြောင်းထည့်ထားလိုက်ပါ။

၄။ ထို့နောက် ဒယ်အိုးထဲသို့ သခွားသီး၊ ငရုတ်ပွအနီ၊ ငရုတ်သီးနီ အခြောက်တောင့်နှင့် မြေပဲတို့ထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် မွှေကြော်လိုက်ပါ။ ထို့နောက် မီးအပူရှိန်ကို လျော့ကာ ကြက်သားတုံးများ ပြန်ထည့်ကြော်လိုက်ပါ။

၅။ နောက်တစ်ဆင့်မှာတော့ ကုန်းဘောင်ကြီးကြော်ဆော့စ်များ ဆမ်းထည့်ကာ ၁ မိနစ်၊ ၂ မိနစ်ခန့် ဆော့စ်များ ပျစ်သွားသည်အထိ တည်ထားလိုက်ပါ။ မီးဖိုပေါ်ကချခါနီးကျမှ ကြက်သွန်မြိတ်လေးများ ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်ကုန်းဘောင်ကြီးကြော်ဟင်းလျာလေး ရရှိသွားပါပြီ။

Source: Drivemehungry.com