အာလူးချစ်သူများအတွက် ဒီတစ်ခါမှာလည်း အရသာရှိတဲ့ အာလူးကပ်ကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး အလုံးကြီး ၆ လုံး
  • ချိစ် အနည်းငယ် (အချောင်းလိုက် ခြစ်ချထားပါ)
  • ထောပတ် စားပွဲတင်ဇွန်း ၃ ဇွန်း (အရည်ဖျော်ထားပါ)
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

  • ဆားအနည်းငယ်
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ ၁ မြွှာ (နုပ်နုပ်စဉ်းထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အာလူးများကို အခွံခွာပြီး အဝိုင်းလိုက် ပါးပါးလှီးထားပါ။ ထို့နောက် ဇလုံအကြီးတစ်လုံးထဲတွင် ထည့်ထားပါ။

၂။ ထို့နောက် အာလူးပန်းကန်ထဲသို့ ချိစ်အနည်းငယ်၊ ထောပတ်၊ ငရုတ်သီးမှုန့်၊ ငရုတ်ကောင်းမှုန့်နှင့် ဆားတို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။ (အမွှေးရနံ့လေး လိုချင်ပါက နံနံပင် သို့မဟုတ် ပင်စိမ်းရွက်အနည်းငယ် ထည့်နိုင်ပါတယ်။)

၃။ Oven ကို ၃၇၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးပါ။ Muffin ပြုလုပ်သော ခွက်ငယ်လေးများကို ထောပတ် (သို့) ဟင်းချက်ဆီဖြင့် သုတ်လိမ်းထားလိုက်ပါ။ ထို့နောက် အာလူးပြားများကို Muffin ခွက်ငယ်များထဲ ဆင့်ထပ်ထားလိုက်ပါ။

၄။ ထို့နောက် Oven ထဲတွင် ၄၅ မိနစ်၊ ၅၅ မိနစ် ခန့်ထည့်ကာ အပူပေးလိုက်ပါ။

၅။ ထိုကဲ့သို့ Oven ထဲ ထည့်ထားချိန်မှာ ပန်းကန်လုံးတစ်လုံးထဲတွင် သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း၊ ရေ စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူတို့ကို သမအောင် ရောမွှေပါ။

၆။ သတ်မှတ်ချိန်ပြည့်ပါက အနံ့မွှေးပြီး ကြွပ်ရွသော အာလူးကပ်ကြော်များ ရရှိသွားပါလိမ့်မယ်။ သံလွင်ဆီ၊ ကြက်သွန်ဖြူအရောအနှောများကို အာလူးပေါ်တွင် ဆမ်းပေးလိုက်ပါ။

ဒါဆိုရင်တော့ ဟင်းအဖြစ်သာမက သွားရေစာမုန့်အနေနဲ့ပါ စားသုံးနိုင်တဲ့ အာလူးကပ်ကြော်လေး ရရှိသွားပါပြီ။

ဒီဟင်းချက်နည်းကတော့ ဆီပူ မီးပူဒဏ် ခံစရာမလိုသလို ညှော်ကြောက်သူများအတွက် လူပင်ပန်းသက်သာစေတဲ့ ဟင်းချက်နည်းပဲဖြစ်ပါတယ်။

Source: Cooktoria.com