အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အရသာရှိပြီး စားကောင်းတဲ့ ပရာကြော် အလွယ်ကြော်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်နီ ၁ ဥ (နုပ်နုပ်စဉ်းထားပါ)
  • နံနံပင် စားပွဲတင်ဇွန်း ၈ ဇွန်းခန့် (နုပ်နုပ်စဉ်းထားပါ)
  • ငရုတ်သီးစိမ်း ၂ တောင့် (ပါးပါးလှီးထားပါ)
  • ဆားနှင့် ဆီ အနည်းငယ်
  • ကုလားပဲ စားပွဲတင်ဇွန်း ၁၈ ဇွန်း

  • ငရုတ်သီးခြောက် အနီ ၄ တောင့်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ကုလားပဲများထည့်ပြီးနောက် ကုလားပဲများ မြှုပ်သွားသည်အထိ ရေထည့်ပါ။ ထို့နောက် ၃ နာရီခန့် စိမ်ထားလိုက်ပါ။

၂။ သတ်မှတ်ချိန်ပြည့်အောင် စိမ်ပြီးတဲ့နောက်မှာတော့ ကုလားပဲများကို ဆန်ခါဖြင့် စစ်ထားလိုက်ပါ။

၃။ ထို့နောက် ကြိတ်စက်ထဲ ထည့်ကာ ညှက်နေအောင် ကြိတ်ပေးလိုက်ပါ။

၄။ တစ်ဖန် ကြိတ်စက်ထဲသို့ ငရုတ်သီးခြောက်ထည့်ကာ ညှက်နေအောင် ထပ်ကြိတ်ပေးလိုက်ပါ။

၅။ ရရှိလာတဲ့ ကုလားပဲနှစ်များကို ပန်းကန်လုံးထဲ ထည့်ပါ။

၆။ ကြက်သွန်နီ၊ နံနံပင်၊ ငရုတ်သီးစိမ်းနှင့် ဆားတို့ထည့်ကာ သမအောင် နယ်လိုက်ပါ။

၇။ ထို့နောက် အနေတော်အလုံးလေး လုံးပြီးနောက် ပန်းကန်ပြားထဲမှာ ကြော်ဖို့အဆင်သင့် ပြင်ထားလိုက်ပါ။

၈။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက လုံးထားသော ပဲလုံးများ ထည့်ကာ ရွှေညိုရောင် ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။ (၅ မိနစ်၊ ၆ မိနစ်ခန့် ကြာပါလိမ့်မယ်)

အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ပရာကြော်လေး ရရှိသွားပါပြီ။

Source: Mozismenu.com