အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အီတလီအစားအစာတစ်မျိုးဖြစ်တဲ့ ပါစတာပြုလုပ်နည်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဓိက ပါဝင်ပစ္စည်းတွေကတော့ အီတလီခေါက်ဆွဲပြား၊ ဝက်သားနဲ့ ခရမ်းချဉ်သီးတို့ပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်ဆားနယ်ခြောက် ၁ အောင်စ (၁၂၀ ဂရမ်)
  • ကြက်သွန်နီ ၁ လုံး
  • တရုတ်နံနံ ၁ ချောင်း
  • ကြက်သွန်ဖြူ ၂ မွှာ

  • အီတလီခေါက်ဆွဲပြား ၁ ပေါင် (၄၅၀ ဂရမ်)
  • ခရမ်းချဉ်သီးမှည့် ၂ ပေါင်ခန့်
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၃ ပုံခန့်
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံခန့်

ပြုလုပ်နည်းအဆင့်ဆင့်

ဝက်ဆားနယ်ခြောက်များကို တစ်လက်မပတ်လည် အတုံးများဖြစ်အောင် တုံးလိုက်ပါ။ ကြက်သွန်နီ၊ တရုတ်နံနံ၊ ကြက်သွန်ဖြူ တို့ကိုလည်း နုတ်နုတ်စင်းထားပါ။

ခရမ်းချဉ်သီးဆော့ပြုလုပ်ဖို့ရန်အတွက် ခရမ်းချဉ်သီးတစ်လုံးချင်းစီရဲ့ထိပ်ပိုင်းကို ကြက်ခြေခတ်ပုံသဏ္ဍာန် ဓားရာပေးပါ။ ထို့နောက် အိုးကြီးတစ်လုံးထဲ၌ ရေနွေးပွက်ပွက်ဆူသည်အထိတည်ပါ။ ရေနွေးဆူပါက ဓားရာပေးထားသော ခရမ်းချဉ်သီးများကို စက္ကန့် ၂၀ ခန့် ထည့်ပြုတ်ပေးပါ။

အချိန်ပြည့်ပါက အိုးထဲမှ ထုတ်ကာ အအေးခံပြီးနောက် အခွံခွာပါ။

ထို့နောက် အတုံးခပ်သေးသေးတုံးထားလိုက်ပါ။

နောက်တစ်ဆင့်အနေနဲ့ ဒယ်အိုးကို မီးအပူပေးပြီး ဝက်ပေါင်ခြောက်၊ ကြက်သွန်နီ၊ တရုတ်နံနံတို့ထည့်ကာ ၄ မိနစ်၊ ၅ မိနစ်ခန့် ကြော်ပေးပါ။ ကြက်သွန်ဖြူထပ်ထည့်ပြီး ၁ မိနစ် ဆက်ကြော်ပေးပါ။ ထို့နောက် ခရမ်းချဉ်သီး၊ ဆားအနည်းငယ်၊ ငရုတ်သီးမှုန့်အနည်းငယ်ထည့်ပြီး ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ထပ်ကြော်ပေးပါ။

ထို့နောက် ခေါက်ဆွဲပြားကို အထုပ်ပေါ်က ညွှန်ပြထားတဲ့အညွှန်းထဲက ကြာချိန်အတိုင်း ထည့်ပြုတ်ပေးလိုက်ပါ (ခေါက်ဆွဲပြားအထုပ်အမျိုးအစားပေါ် မူတည်ပြီး မိနစ်များပြောင်းလဲသွားနိုင်ပါတယ်)။

ပြုတ်ပြီးသွားသော ခေါက်ဆွဲများကို စောစောကကြော်ထားသော ခရမ်းချဉ်သီး ဝက်သားနဲ့ ရောနယ်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်လုံးလေးထဲထည့်ကာ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။ အရသာ ဆိမ့်ဆိမ့်လေး ရရှိလိုပါက အချောင်းလိုက်လှီးဖြတ်ထားသော ချိစ်အနည်းငယ်ဖြူးပြီး မိမိစိတ်ကြိုက်သုံးဆောင်လို့လည်း ရပါတယ်။

Source: Zoomyummy.com