ဒီအသီးစုံဟင်းက အရံဟင်းပွဲ အတွဲလေးဖြစ်ပေမယ့် အသီအနှံ့ကြိုက်နှစ်သက်သူများအတွက်ကတော့ ဟင်းပွဲကြီးတစ်ပွဲအနေနှင့် သုံးဆောင်လို့ ရပါတယ် ။ ထမင်း ပူပူနွေးနွေး လေးဖြင့် သုံးဆောင်လျှင် အင်မတန် လိုက်ဖက်ပါတယ် ။
ပါဝင်ပစ္စည်းများ
- အသီးအရွက်ဆီ – ၁ ဇွန်း (စားပွဲဇွန်း)
- ကြက်သွန်ဖြူ – ၂ တက် (ခတ်ပါးပါး လှီးထားပါ)
- ကြက်သွန်နီ – ၁ လုံး (ခတ်ပါးပါးလှီးထားပါ)
- ခရမ်းကဆော့သီး – ၅၀ ဂရမ်
- ရုံးပတီးသီး – ၁၆၀ ဂရမ် (လက်တစ်ဆစ်လောက်လေးတွေ လှီးထားပါ)
- ခရမ်းသီး – ၂ လုံး (အတုံးသေးလေးတွေ တုံးထားပါ)
- ပုဇွန်ဆိပ် – ၁၆၀ ဂရမ် (အခွံခွာပြီးသား)
- ပုဇွန်ငါးပိစိမ်း – ၂ ဇွန်း (လက်ဖက်ဇွန်း)
- နနွင်းမှုန့် – ၁/၂ ဇွန်း (လက်ဖက်ဇွန်း)
- မျှစ် – ၁၆၀ ဂရမ် (အတုံးနေတော်တုံးထားပါ)
- ဆား – ၁/၄ ဇွန်း လက်ဖက်ဇွန်း
- နံနံပင် – ၂ ဇွန်း စားပွဲဇွန်း (ခတ်ကြမ်းကြမ်းလှီးထားပါ)
- Thai Spicy Salad Dressing – ၃ ဇွန်း စားပွဲဇွန်း
ပြင်ဆင်ပြုလုပ်နည်း
- အသီးအရွက်ဆီကို မကပ်သောအိုးထဲထည့်ပြီး အပူပေးပါ ။ ပြီးလျှင် နနွင်းမှုန့် ၊ ကြက်သွန်ဖြူ နှင့် ကြက်သွန်နီ ထည့်ပြီး မီအနေတော်ဖြင့် မိနစ်အနည်းငယ် ကြက်သွန်များ အညိုရောင်သန်းတဲ့အထိ ကြော်ပါ ။
- မီးလျှော့ပြီး ငါးပိစိမ်းစား ထည့်ပြီး အနည်းငယ်လုံးပါ ။ ပြီးလျှင် ပုဇွန်ဆိပ် ၊ ခရမ်းကဆော့သီး နှင့် မျှစ်ထည့်ပါ ။ Thai Spicy Salad Dressing နှင့် ရေအနည်းငယ်ထည့်ပြီး အနည်းငယ်နူးအိလာသည်အထိ တည်ပါ ။
- နံနံပင်ကလွဲလို့ ကျန်ပါဝင်ပစ္စည်းများ အားလုံးထပ်ထည့်ပါ ။ မီးကို အနေတော်ပြန်တင်ပြီး တည်ပါ ။
- အရည်ခမ်းပြီး ခြောက်လာလျှင် မီးပိတ်ပြီး နံနံပင်ဖြူးပါ ။ သုံးဆောင်ရန် ပုကန်ထဲ ထည့်ပြီး ထမင်းပူပူလေးဖြင့် သုံးဆောင်လို့ ရပါပြီး။
Credit: Syilwin Foodsgarden